3▪︎𝐇𝐄 𝐢𝐬 𝐛𝐚𝐜𝐤!

939 87 19
                                    

[ Unicode ]

ဒီလူ....ငါရင်းရင်းနှီးနှီးတွေ့ဖူးတယ်! ဘယ်မှာဖြစ်နိုင်မလဲ???

" ကလေး အဲ့လူက်ိုတွေ့ဖူးလား....? ဟင်! ကလေး ကလေး နာအွန်းလေး ... "

ချွေးစေးပြန်နေတဲ့နှဖူးပြင်လေးကိုတစ်ရှူးနဲ့သုတ်ပေးလိုက်တဲ့အထိသူခေါ်နေတာကိုသိပုံမရသေးတဲ့သူမ ၊...ပုံစံကတစ်ခုခုကိုစိုးရိမ်ထိတ်လန့်​နေသလို ...

" ဟင်.... "

လက်မောင်းကိုတင်းတင်းလေးဆုပ်ကိုင်လိုက်တော့မှသတိပြန်ဝင်လာသည်။

" ကလေး အဆင်ပြေရဲ့လား နေမကောင်းလို့လား ... ချွေးတောင်စိုနေပြီ "

" သန့်စင်ခန်းခဏသွားလိုက်အုံးမယ် "

စင်ပေါ်ကသူ့အသံလည်းမကြားတော့ ဘေးနားကကို့အသံတွေကလည်းရောထွေးနေတာကြောင့် ဘာကိုမှအာရုံမရနိုင်တော့ ...

" ကို လိုက်ခဲ့ပေးမယ်လေ... "

" ရတယ်ကို နေခဲ့နော် "

" နာအွန်း... အော် ဒီကလေး "

စကားကိုဆုံး​အောင်နားမထောင်ဘဲထွက်သွားတဲ့သူမကျောပြင်လေးကိုသာစိုးရိမ်တကြီးလိုက်ကြည့်နေမိသည်။

' သူမဘာတွေဖြစ်နေတာပါလိမ့် ခုနကတောင်အကောင်းကြီးကို '

ဘေစင်ဘောင်ကိုထောက်ထားတဲ့သူမလက်တွေကတုန်ရီနေပြီးအကြောင်းတစ်ခုထဲကိုပဲဦးတည်တွေးနေသည်။

' သူ...သူပဲ...သူတကယ်ပြန်ရောက်လာတယ်။ ဘာလို့...ဘာလို့လဲ...ဘာလို့ပြန်ပေါ်လာရတာလဲ...ငါ့ဘဝလေးအေးချမ်းနေပြီလေ ၊ သူငါ့ကိုတကယ်ပဲဒုက္ခပေးဖို့ပြန်လာတာလား? အဲ့ဒါထက်ကိုနဲ့သားလေး ၊ မဟုတ်ဘူး....မဖြစ်နိုင်ဘူး...။ '

' နာအွန်းစိတ်အေးအေးထား! နင်ရင်ဆိုင်နိုင်ရမယ် နင်လုပ်နိုင်ရမယ်...။ ငါ့မိသားစုကိုငါကာကွယ်နိုင်ရမယ်...။ ဟုတ်တယ် ငါလုပ်နိုင်တယ်...။
ဒါဆို...ပန်းစည်းပေးခဲ့တာသူပေါ့၊သူငါ့ကိုတစ်လျှောက်လုံးစောင့်ကြည့်လာခဲ့တာလား? ကျေးဇူးပြုပြီးထင်သလိုမဖြစ်ပါစေနဲ့ '

သန့်စင်ခန်းထဲမှာသူမကိုယ်သူမထိတ်လန့်ကြောက်ရွံ့စကားတွေဆိုကာအားပေးနေပေမယ့်လည်းတုန်လှုပ်နေမှုကမလျော့သွား...။

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now