9▪︎𝐓𝐨 𝐭𝐡𝐞 𝐩𝐚𝐬𝐭-3»»»

504 74 5
                                    

{ Unicode }

အတွင်းရေးမှူးစုံစမ်းပေးတာကြောင့်သူမအကြောင်းတော်တော်များများကိုသိခဲ့ရသည်။

သူမနာမည်ကကင်မ်နာအွန်း...။လူလေးကချစ်ဖို့ကောင်းသလိုနာမည်လေးကလည်းအရမ်းလှတယ်။ မိဘမဲ့တစ်ယောက်ဖြစ်ပြီးစီးပွားရေးဒုတိယနှစ်ကျောင်းသူလေးတစ်ယောက် ။ ကျွန်တော် တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ပြုစားတာခံရမယ်လို့မတွေးခဲ့မိဖူးဘူး။

ဒီဆိုင်ကိုလာတာဒီနေ့နဲ့ဆိုသုံးပတ်မြောက်...။
သူမက ပိတ်ရက်နှစ်ရက်သာအလုပ်ဆင်းသည်။ သူလာတိုင်းသူမအလုပ်လုပ်နေတာကိုပဲတစိမ့်စိမ့်ထိုင်ကြည့်နေရတာကိုကသူ့အတွက်အမောပြေစရာလိုဖြစ်နေပြီ ... ။ တကယ်ကလေးလေးရယ်...၊'ကလေး'ဆိုတာသူမကိုပေးထားတဲ့nicknameလေးတစ်ခု...။
စိတ်တိုင်းမကျရင်နှုတ်ခမ်းလေးကိုဆူထားသေးတာ...၊ကျွန်တော်တော့သူမကိုအရမ်းစွဲလမ်းမိနေပြီ...။ပိုင်ဆိုင်ချင်တယ် ကလေးရယ်။အချစ်ဆိုတဲ့အရာနောက်မှာရယူပိုင်ဆိုင်လိုခြင်းကအမြဲတမ်းကပ်ပါတတ်တာပဲလား...?.

ဒီနေ့စနေနေ့သူမကိုတွေ့ရမယ့်နေ့ရက်လေးတစ်ခု...။

မင်းကဘယ်လိုမိန်းကလေးမျိုးလဲ ဘယ်အရာတွေကြိုက်တတ်တာလဲ ဘယ်လိုအရာမျိုးတွေကမင်းကိုပျော်ရွှင်အောင်လုပ်နိုင်လဲဆိုတာကို ကိုယ်လေ့လာဖို့လိုသေးတယ်...၊ ပြီးတော့ ကိုယ်နဲ့မင်းချစ်သူတွေဖြစ်လာရင်ပေးမယ့်နာမ်စားက ကလေးလေး ကိုယ့်ရဲ့ကလေးလေးပေါ့ ... ။သေချာတာတစ်ခုကသူမကကျွန်တော့်မိန်းကလေးဖြစ်လာရမယ်။

======

" ဘေဘီဘယ်တွေသွားနေတာလဲ ဒီနေ့ကျောင်းပိတ်ရက်လေ..."

ဟင်?ဂျောင်းဂု! သူဒီနေ့စောစောပြန်ရောက်နေတာလား...?

" ဟုတ်တယ် အပြင်ခဏသွားတာ "

စိုးရိမ်စိတ်ကိုမြိုသိပ့်ကာပုံမှန်အသံနဲ့ပြန်ဖြေလိုက်သည်။

" အပြင်?ဘယ်အပြင်လဲ ဘာသွားလုပ်တာလဲ "

" နေပါအုံး အပြင်သွားတာကအစရှင့်ကိုအကုန်တင်ပြရမှာလား လိုလို့လား? "

" လိုတယ် အရမ်းလိုတယ်! မင်းငါ့ကိုမှန်မှန်ပြောစမ်း ဒါဘာလဲ? "

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now