17▪︎𝐒𝐡𝐞 𝐝𝐨𝐞𝐬𝐧'𝐭 𝐫𝐞𝐚𝐥𝐥𝐲 𝐥𝐨𝐯𝐞 𝐦𝐞

649 65 18
                                    

[Unicode]

မြောက်ပြန်လေရဲ့ကလူကျီစယ်မှုကြောင့်နှင်းစက်လေးတွေကဟိုတစ်စဒီတစ်စလွင့်ပျယ်နေသလိုသူမရဲ့စိတ်အစုံဟာလည်းသူ့ရဲ့ကျီစယ်မှုကြောင့်ပြန်စုမရတော့အောင်ပြန့်ကျဲနေတော့သည်...။

ငယ်ငယ်တည်းကအဖေအမေဆိုတာမျက်နှာတောင်မမြင်ဖူးလိုက်တဲ့သူမဖို့ရာအဒေါ်သည်သာအားထားရာဖြစ်ခဲ့သည်။သူမအဒေါ်ဆုံးသွားပြန်တော့ဂျောင်းကုတစ်ယောက်တည်းကသာသူမရဲ့ကိုးကွယ်ရာဘုရားတစ်ဆူဖြစ်ခဲ့သည်။သို့သော်...အချိန်ကြာလာသည်နဲ့အမျှပြောင်းလဲလာသောဂျောင်းကုကြောင့်ပဲအခုလိုသာယာတည်ငြိမ်နေပြီဖြစ်တဲ့သူမဘဝလေးပြိုကွဲလုဖြစ်နေပြီ...။သူမအရင်ဘဝကဘာတွေလုပ်ခဲ့မိလို့ဒီလိုကံဆိုးခြင်းတွေနဲ့ကြုံနေရပါသလဲအရှင်...။ဘယ်အချိန်ကျမှသူမရဲ့အေးချမ်းမှုအစစ်ကိုရနိုင်ပါမလဲ...။

တစ်ချိန်ကသူမချစ်ခဲ့တဲ့သူ့ရင်ခွင်ကိုစုံကန်ပြီးပတ်ခ်ဂျီမင်ရဲ့ရင်ခွင်ထဲမှာမနားခိုချင်လည်းနားခိုခဲ့ရသည်...။ အချိန်ကြာလာတာနဲ့အမျှကျွန်မနှလုံးသားကပိုင်ရှင်အသစ်တွေ့သွားတယ်ပဲပြောရမလားပတ်ခ်ဂျီမင်ကိုချစ်မိလာသည်။ အရာအားလုံးအဆင်ပြေနေတဲ့အချိန်ကျမှပြန်ပေါ်လာတဲ့သူကအခုတော့အဖျက်သမားသက်သက်သာ... ၊

တစ်ချိန်ကအေးချမ်းစွာနဲ့နားခိုခဲ့ရတဲ့ထိုရင်ခွင်ကြီးကအခုတော့အနေကျဥ်းကျပ်မှုတစ်ခုအနေနဲ့သာတည်ရှိနေသည်။ အရိုးထဲထိစိမ့်အောင်နာကျင်နေတဲ့အပြင် ဖက်တွယ်ထားတဲ့သူ့လက်မောင်းအားတွေကြောင့်အသက်ရှူတောင်ကြပ်ချင်နေပြီ။ တွန်းထုတ်နေပေမယ့်လည်းနည်းနည်းလေးမျှမရွေ့တာကြောင့်အားအင်ကုန်ခမ်းရုံသာ...၊ အခုဆို ကို ကျွန်မကိုအရမ်းစိတ်ဆိုးနေတော့မှာ...။
ကျွန်မရဲ့အမှားတွေကကျွန်မကိုပြန်ကလဲ့စားချေနေပြီ...၊ ရှေ့ဆက်ရမယ့်ခရီးလမ်းကကြမ်းတမ်းမှန်းသိပေမယ့် ကျေးဇူးပြုပြီး ကိုနဲ့သားလေးကိုမထိခိုက်ပါစေနဲ့...။

ထိုညမှာတော့အေးစက်နေတဲ့သူ့ရင်ခွင်ထဲမှာပဲသူမခဏတာမှေးစက်အနားယူခဲ့တယ်။ ထိုကဲ့သိုသော အချိန်လေးကတော့သူမအတွက်ထိုက်တန်ပါသေးတယ်။

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now