8▪︎𝐓𝐨 𝐭𝐡𝐞 𝐩𝐚𝐬𝐭-2»»»

547 74 13
                                    

{ Unicode }

" ဂျောင်းကုအာ ပြန်လာပြီလား "

အိမ်အနီးနားကဦးလေးကြီးများစကားဝိုင်းဖောင်ဖွဲ့နေရင်းသူ့ကိုမြင်တာ့လှမ်းနှုတ်ဆက်လိုက်တာကြောင့် သူလည်းပြန်ပြုံးပြလိုက်ရင်း...

" ဟုတ်ကဲ့ဦးလေး ကျွန်တော်ပြန်ရောက်ပါပြီ "

ထိုထဲမှအရပ်ခပ်ရှည်ရှည်ရုပ်​ဖြောင့်​ဖြောင့်နဲ့လူ​လေးကြီးလီဆန်းဟွာကဝိုင်းမှထလာကာ...

" လူလေး မင်းကိုပြောစရာစကားရှိတယ် "

ကိုယ့်နားကပ်လာပြီးတိုးညှင်းစွာဆိုလာသောကြောင့်ကိစ္စတစ်ခုခုရှိနေပြီထင်သည်ဟုယူဆရသည်။

" ပြောပါ ဦးလေး ဘာကိစ္စများလဲ? "

" ဦးလေးပြောရမှာအားနာပေမယ့်.... "

သူကစကားကို​​​​​ရစ်သီသီလုပ်ကာ​ပြောသင့်မ​ပြောသင့်စဥ်းစား​နေပုံ​ထောက်တာ​ကြောင့်...

" ​ဘာအ​​ကြောင့်မို့လို့လဲ ဦး​လေးရဲ့ "

" ဟို​လေ... ကလေးမလေးကို​နေ့လည်ကကောင်လေးတစ်ယောက်ကားနဲ့လိုက်ပို့တာတွေ့လိုက်တယ် ဦးလေးလည်းပြောပြရမလား မပြောပဲနေရမလားစဥ်းစားနေတာ... အဲ့ဒါ... "

ခုနကထိရည်ရည်မွန်မွန်နဲ့ကလေးဟာအခုမျက်နှာပျက်သွားတာကိုသူရိပ်မိပါတယ်၊သူစကားဆက်ဖို့ပြင်လိုက်ပေမယ့်အချိန်မမှီ​တော့ပါ...။

" ဦးလေးလူမှားနေပြီပဲ ကျွန်တော့်ကောင်မလေးမှာအဲ့လိုအကျင့်မရှိဘူး
တကယ်လို့လိုက်ပို့တယ်ဆိုရင်တောင်သူ့မှာအကြောင်းတစ်ခုခုရှိလို့နေမှာပါ... "

" လူလေးစိတ်ဆိုးမယ်ဆိုတာကို ဦးလေးနားလည်ပါတယ် ဒါပေမယ့် ကလေးမကိုအရင်နေ့တွေကလည်းတစ်ယောက်ပြီးတစ်ယောက်လိုက်ပို့နေတာ... "

" အခုလိုပြောပြပေးလို့ကျေးဇူးပါ ဒါပေမယ့်ဦးလေးအထင်မှားနေတာပါ သူ့ကိုဦးလေးစိတ်ပူစရာမလိုပါဘူး ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါအုံး "

ချာခနဲလှည့်ထွက်သွားတဲ့​ကောင်​လေး​ကြောင့်သူသက်ပြင်းချမိသည်။

အင်း...ဒီကလေးငါပြောတာမယုံဘူးပဲ...၊
လူလေးကံကောင်းပါစေကွယ်။

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now