5▪︎𝐅𝐄𝐀𝐑

733 78 17
                                    

[Unicode]

" ကလေး ကိုယ်မှာထားတာတွေအဆင်ပြေတယ်မလား၊အကုန်ကလေးကြိုက်တာတွေချည်းပဲ... "

ရေကန်သင့်ကြာသင့်လို့ပဲပြောရမလား သူအရမ်းအလိုက်သိတတ်လွန်းတယ်။အဲ့ဒါကလည်းသူမသူ့ကိုရွေးချယ်ရခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်ခဲ့တာ...။

" ကိုစီစဥ်ပေးတာတွေပဲ...နာအွန်းကြိုက်တာပေါ့ အင်း....သားလေးသာနည်းနည်းအရွယ်ရောက်လာရင်နာအွန်းတို့နဲ့အတူတူခေါ်လာလို့ရပြီပေါ့နော် "

" ဒါပေါ့ကလေးရ ပြီးတော့​...သားလေးကြီးလာရင်နာအွန်းအတွက်အားတစ်ခုဖြစ်လာမှာ "

" အဟင်း ဟုတ်ပ "

ဂျီမင်ကသူမကိုအမဲသားလှီးပြီးသားပန်းကန်ကိုသူမဘက်ကမ်းလာသည်။

" ကို.... "

" အွန်း ပြောလေ "

" ဟို သားလေးကိုနာအွန်းထက်ပိုချစ်ပေးပါနော် "

" ဟားးး ကလေးကလည်း ဒါကပြောစရာကိစ္စမှမဟုတ်ဘဲ သားလေးကကိုယ်တို့သားလေးပဲလေ ပြီးတော့နာအွန်းကိုလည်းကိုယ်ဘယ်တော့မှအချစ်လျော့သွားမှာမဟုတ်ဘူး၊မေမေရောသားသားရောနှစ်ယောက်လုံးကကိုယ့်ရဲ့ပထမဦးစားပေးတွေပဲ... "

"....."

ဂျီမင်ရဲ့အဖြေကိုသူမပြုံးပြုံးလေးသာနားထောင်ခဲ့သည်။

" အဲ့နေ့ကသာနာအွန်းနဲ့မဆုံခဲ့ရင် ကိုယ်အခုချိန်ထိတစ်ယောက်တည်းအထီးကျန်နေအုံးမှာ... ကလေးနဲ့မတွေ့ခင်ထိကိုယ်အချစ်ဆိုတာကိုနားမလည်ခဲ့ဘူး။ အဲ့နေ့ကကလေးအရမ်းလှနေခဲ့တာ ကလေးရဲ့အသံ... ကလေးရဲ့အပြုံး... ကလေးရဲ့အမူအယာလေးတွေကအစကိုယ်တစ်နေ့မှမေ့မရခဲ့ဘူး...၊ကိုယ့်ဘဝထဲဝင်လာပေးလို့ကလေးကိုကျေးဇူးအများကြီးတင်ပါတယ် "

သူမလက်လေးကိုဖွဖွလေးကိုင်ကာနူးနူးညံ့ညံ့လေးပြောလိုက်ပေမယ့်သူ့စကားတွေဘယ်လောက်လေးနက်လည်းဆိုတာသူ့မျက်ဝန်းကနေတစ်ဆင့်ဖော်ပြနေခဲ့တယ်။

-------
-------

မနေ့ကသူမတို့ပြန်ရောက်တဲ့အချိန်ကည၁၁:၅၅၊အဲ့အချိန်ထဲကဟိုလှည့်ဒီလှည့်နှင့်အိပ်မပျော်ဖြစ်နေလို့စောစောထလာခဲ့သည်။အဒေါ်ကြီးကလည်းညကနေမကောင်းဘူးဆိုလို့နားခိုင်းထားတာကြောင့်မနက်စာကိုတော့ကိုယ်တိုင်ပြင်ဆင်ရမည်။

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now