6▪︎𝐈𝐥𝐥𝐞𝐠𝐚𝐥 𝐃𝐚𝐭𝐢𝐧𝐠

725 79 7
                                    

[Unicode]

ညနေ၄နာရီ ACE Restaurantတွင်ချစ်ရသည့်တစ်ဦးတည်းသောအိမ်​ထောင်သည်မိန်းကလေးကိုစိတ်လိုလက်ရထိုင်စောင့်နေသော NOVOTEL HOTELရဲ့CEO Jeon ...

ဆောင်းရာသီရောက်ပြီမို့နှင်းတွေလည်းတဖွဲဖွဲကျနေပြီ၊ရာသီဥတုအေးစက်နေချိန် ရင်ထဲမှာမီး​လှောင်တိုက်အသွင်းခံရသလိုပူလောင်ပြီးကမ္ဘာပျက်ခဲ့ရတဲ့နေ့ ....
အနာကျင်ရဆုံးနေ့ရက်တွေ....

ပြန်လာမလားဆိုပြီးမျှော်နေခဲ့ရတဲ့အိမ်ပြန်လမ်းလေးပေါ်မှာတော့သူမရဲ့အရိပ်မျှမတွေ့ခဲ့...။
အေးစက်ကြမ်းတမ်းတဲ့ရာသီဥတုနဲ့
သွေးအေးအေးနဲ့ထားရစ်ခဲ့တဲ့သူမ...
အကြောင်းပြချက်မရှိဘဲစွန့်ပစ်ခံခဲ့ရတဲ့သူ...

ဘေဘီ မင်းကိုယ့်ကိုထားသွားတာ၅နှစ်ပြည့်ခဲ့ပြီ။မင်းကိုယ့်ကိုထားခဲ့တာမင်းဘဝရဲ့အမှားယွင်းဆုံး ဆုံးဖြတ်ချက်ပဲ...၊
မင်းကိုယ့်ကိုကစားခဲ့တာအရမ်းမှားတယ်...၊
ကိုယ်ကအချစ်ကြီးသလိုအမျက်လည်းကြီးတယ်ဘေဘီ...။မင်းကစားချင်တိုင်းကစားလို့မရဘူး...။အခုငါကမင်းကိုပြန်ကစားရမယ့်အလှည့်ပဲ...။

ကော်ဖီပူပူလေးသောက်ကာသူမကိုစောင့်နေခဲ့တာနာရီဝက်ရှိသွားပြီ....၊
ဟင်းးးး......ဘေဘီမလာရင်တော့ကိုယ်လိုက်လာရတော့မယ်နဲ့တူပါတယ်...။

သက်ပြင်းချပြီး ထိုင်ခုံကနေထလိုက်ချိန် အရှေ့ကိုရောက်လာတဲ့သူသိပ်ချစ်ရပါသောထိုမိန်းကလေး~

" ဟက်...ဘေဘီလာသားပဲ....ကိုယ်အခုပဲလာခေါ်တော့မလို့ကို...၊သိတယ်မလား...ကိုယ်ကစောင့်ဆိုင်းရတာကိုအမုန်းဆုံးပဲဆိုတာ..။ "

" ကျွန်မကအိမ်ထောင်သည်၊ရှင့်လောက်မလွတ်လပ်မနေဘူး၊ကျွန်မမှာအချိန်သိပ်မရှိဘူး၊ရှင်ပြောစရာရှိတာမြန်မြန်ပြောပါ...."

" အိုဟို...မလောပါနဲ့ဘေဘီကလည်း ခဏ ကိုယ်တစ်ခုခုမှာပေးမယ်... "

" ကျွန်မဘာမှမစားချင်ဘူး "

" ကောင်းပါပြီ...၊ဒါဆိုကိုယ်တို့သွားရအောင်...ကိုယ်မင်းကိုပြစရာရှိတယ်...ဘေဘီကြိုက်မယ်လို့မျှော်လင့်ပါတယ် "

" ကျွန်မဘယ်မှမသွားဘူး၊ရှင်ပြောစရာရှိတာအမြန်ပြောပါ မဟုတ်ရင်ကျွန်မပြန်တော့မယ် "

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now