14▪︎𝐓𝐨 𝐭𝐡𝐞 𝐩𝐚𝐬𝐭-8»»»

460 71 22
                                    

{Unicode}

USကရင်းနှီးမြှုပ်နှံသူတွေရောက်လာလို့Hotelမှာဧည့်ခံနေတုန်းအတွင်းရေးမှူးလာပြောသောစကားကြောင့်ကိုယ်ဘယ်လိုမှရှေ့ဆက်ဧည့်မခံနိုင်တော့....၊အတွင်းရေးမှူးနဲ့သာလက်လွှဲထားပြီးcar parkingကိုထွက်လာခဲ့သည်။
နာအွန်း! မင်းကအခုချိန်ထိအဲ့ကောင်နဲ့တွဲနေတုန်းလား.... ငါကခွင့်လွှတ်ပေးထားလို့လုပ်ချင်တိုင်းလုပ်နေတာလား? messageတစ်စောင်သာပို့ထားပြီးကားပေါ်မှာသာစောင့်နေလိုက်သည်။သူမကိုချက်ချင်းဆွဲခေါ်ထုတ်လာချင်ပေမယ့် ကိုယ်က သူမချစ်လို့လက်ခံထားတဲ့လူမဟုတ်လို့အနည်းငယ်တော့ဆင်ခြင်ရမည်။ပြီးတော့သူမချစ်သူဆိုတဲ့လူနဲ့လည်းထိပ်တိုက်မတွေ့ချင်တာပါသည်။

ခဏနေတော့ ကားပေါ်ကိုရောက်လာသောသူမ...၊ကျွန်တော်တို့ဘာစကားမှမပြောဖြစ်ခဲ့ဘူး... ပြောချင်စိတ်လည်းမရှိသေးဘူး ပြောရင်းနဲ့ပေါက်ကွဲမိမှာစိုးရိမ်တာကြောင့်ကျွန်တော်တိတ်ဆိတ်ခဲ့သည်။ ဒါကျွန်တော်တို့နှစ်ယောက်ရှေ့ဆက်ဖို့အတွက်အကောင်းဆုံးရွေးချယ်မှုပဲ...။

"Park jimin shi ကျွန်မ..."

သူမဘက်ကစကားစလာတာကိုလည်းသူတားလိုက်သည်။ဒီကိစ္စနဲ့ပတ်သတ်ပြီးသူဘာမှမပြောချင်ဘူး...။

"ကိုယ်တို့ဝတ်စုံသွားရွေးရအောင်"

"Nae?ရုတ်တရက်ကြီး"

"ဘာပဲဖြစ်ဖြစ် မင်းကကိုယ်နဲ့လက်ထပ်ရမှာပဲလေ အခုသွားရွေးလည်းမမှားပါဘူး"

"...."

"ပြောစရာရှိသေးလား"

"မရှိတော့ပါဘူး"

မင်းကကိုယ့်အပိုင်ဆိုတာမင်းသိအောင်ပြရတော့မယ်။ကားလေးကတရွေ့ရွေ့နဲ့ဖက်ရှင်ဆိုင်ကိုဦးတည်နေသည်။

"မင်းcondoကိုဘယ်တော့သွားမှာလဲ"

"ဒီနေ့ညပါ"

"အင်း... ကိုယ်လာခေါ်ရမလား"

"နေပါစေ ကျွန်မဘာသာသွားလိုက်ပါ့မယ်"

"ကိုယ်ကားလွှတ်ပေးလိုက်မယ် နောက်နေ့ကစပြီးမင်းကိုကျောင်းလိုက်ပို့ပေးဖို့ကားတစ်စီးလွှတ်လိုက်မယ်ကိုယ်အလုပ်အားရင်လည်းကိုယ်လာခေါ်မယ် စာမေးပွဲဖြေဖို့တစ်လပဲကျန်တော့တာမလား ကျန်းမာရေးဂရုစိုက်အုံး ဒါမှစာမေးပွဲပြီးရင်လက်ထပ်ပွဲကိုကောင်းကောင်းဆက်လုပ်နိုင်မှာ..."

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now