18▪︎At Home!

601 73 16
                                    

[Unicode]

"ဘာ!သူပြန်ရောက်နေတယ်"

မီယောင်းအသံကျယ်ဖြင့်ထအော်လိုက်တဲ့အတွက်ကြောင့်ဘေးကလူတွေအကုန်လှည့်ကြည့်လာသည်။သူမလည်းတောင်းပန်စကားပြောလိုက်ကာအသံကိုအရှိန်ပြန်လျှော့လျှက်...၊

"နင်အခုပြောနေတာတွေအကုန်အမှန်တွေချည်းပဲလား...၊ဒါဆိုကလေးအဖေ...ပြန်လာပြီပေါ့..."

"အွန်း..."

"နာအွန်းရယ်ဖြစ်မှဖြစ်ရလေခြင်း...၊ငါသေသာသေလိုက်ချင်တယ်"

စိတ်တွေတင်းကျပ်နေလို့စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့အရင်းနှီးဆုံးသူငယ်ချင်းကိုတိုင်ပင်ကာမှကာယကံရှင်ထက်စိတ်ဓာတ်ပိုကျနေတဲ့မီယောင်းကြောင့်သူမခေါင်းခါမိသည်။

"မီယောင်းရယ် ငါသေဖို့လည်းချန်ပါအုံး.."

"နင်သေရမှာပါ...ဂျောင်းကုသို့မဟုတ်ပတ်ခ်ဂျီမင်လက်ထဲမှာနင်သေကိုသေရမှာ..."

အဲ့လိုအားပေးတတ်တဲ့သူငယ်ချင်းရထားတာသူမကံကောင်းတယ်မလား...။

"အဲ့တော့နင်ဘာဆက်လုပ်မလဲ...?ဘယ်သူ့ကိုရွေးမှာလဲ...?ငါတော့နင့်အစားရင်လေးလိုက်တာဟယ်"

"မသိတော့ပါဘူးဟာ...ဒီကြားထဲကလေးကလည်းအရွယ်ရောက်တော့မယ်...၊ပြီးတော့ဂျောင်းကုသာကလေးကိုတွေ့သွားရင်သူ့သားမှန်းကျိန်းသေပေါက်သူသိမှာ "

"ကဲပါ...နင်အဲ့လောက်လည်းစိတ်ဓာတ်မကျပါနဲ့အုံး အဆင်ပြေသွားမှာပါ...၊ ဒီနေ့တော့ ဘာကိုမှမတွေးဘဲစိတ်ကြိုက်သောက်ပစ်လိုက်တော့..."

"အွန်း...ဂိုမာဝေါ ချင်းဂုရာ..."
ဟုတ်တယ်၊ငါဒီညစိတ်လွတ်ကိုယ်လွတ်သောက်ပစ်ရမယ်...။အဲဲဒါမှငါ့ဦးနှောက်ကိုထိန်းချုပ်နေတဲ့အရာကြီးပျောက်သွားမှာ...၊

ဝိုင်ပုလင်းကိုစကိုင်ပြီးသောက်လိုက်တည်းကခုနစ်ပုလင်းမြောက်ရောက်မှခွက်ပြန်ချမိသည်။လူလည်းမွှန်ထွန်ပြီးခေါင်းမထူနိုင်ဖြစ်နေပြီ...။မီယောင်းကတော့နဂိုတည်းကအရက်ဂျိုးမို့လို့ခုနစ်ပုလင်းလောက်ကသူ့အတွက်ပျော့သေးသည်ဆိုပေမယ့်နည်းနည်းတော့ယိုင်နေပြီ...။

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now