3 (Z)

139 26 3
                                    

အပိုင်း()

"ဘာတွေဖြစ်နေကြတာလဲ?!"

လီယွိနှင့်ကျောက်မူတို့၏ အနီးပတ်ပတ်လည်ရှိ လူများက ထိတ်လန့်တကြား အာမေဋိတ်ပြုသံများဖြင့် ဝန်းရံကြည့်ရှုလာကြ၏။ လူအုပ်၏အလယ်၌ ဝင်သက်ထွက်သက်ပြင်းထန်စွာဖြင့် မတ်တပ်ရပ်နေသည့် ကျောက်မူက လီယွိအား တင်းကြပ်စွာ ဖက်တွယ်ထားလျက်။ ဧည့်သည်၏လက်များမှာတော့ ကတုန်ကယင်ဖြင့်။ ချည်သားဘောင်းဘီခွကြားနေရာတစ်ဝိုက်တွင်တော့ ခပ်မှောင်မှောင်အရောင်ဖြင့် ရေများစိုရွှဲနေသယောင်။ ဤသည်သာမက နံဟောင်လှသည့် ကျင်ငယ်ရည်အနံ့ကလည်း ထွက်ပေါ်လာသေးသည်။ အသိစိတ်ကင်းမဲ့နေသည့် လီယွိမှာတော့ ဝိုးတိုးဝါးတားဖြင့် ဘေးဘယ်ညာတစ်ဝိုက် လှည့်ပတ်ကြည့်လိုက်သည်။ မန်နေဂျာသည်လည်း ဒေါသတကြီးဖြင့် လူအုပ်ကြားထဲမှ ထိုးထွက်လာကာ သူတို့နှစ်ဦးထံ လျှောက်လှမ်းလာလေ၏။

ကျောက်မူမှာ ရန်စခြင်းအမှုပြီးဆုံးသွားပြီးသည့်နောက် လီယွိ၏ကုပ်ပိုးနေရာအား ယုယကြင်နာစွာ ပွတ်သပ်လိုက်သည်။ နွေးထွေးနူးညံ့မှုများက အပြည့်။

"အားယွီ........... အိမ်ပြန်ကြရအောင်နော်?.... အားယွီ ကိုယ်တို့အိမ်ကို ပြန်ကြရအောင်"

ထိုအချိန်အခိုက်အတန့်ဝယ် အရာအားလုံးက ဖရိုဖရဲ ဗရမ်းဗတာဖြစ်လျက်။ မန်နေဂျာသည်လည်း သူတို့အနီးသို့ အမြန်ဆုံး ပြေးလာသည်။ လူတစ်ချို့သည်လည်း ကျောက်မူအား ရွှတ်နောက်နောက်ဖြင့် သွေးထိုးစနောက်ကြလေ၏။

"ဟေး.. ဒါက မိန်းမက နောက်မီးလင်းနေလို့ လာအငိုက်ဖမ်းတာလားကွ.. ဟားဟား"

ဆိုင်အတွင်းရှိ လူတိုင်းလိုလိုက တိတ်ဆိတ်ငြိမ်သက်သွားကြချိန်၌ ရုတ်ခြည်းဆိုသလို ရယ်မောဟိန်းဝါးသံကြီးတစ်သံ ထွက်ပေါ်လာလေသည်။

"မင်းရဲ့ f*ck buddy က တွေ့ကရာလူနဲ့ ဖောက်ပြန်နေတော့ရောဂါကူးမှာ မကြောက်ဘူးလား? လူတွေကို ဟက်တက်ခွဲဖို့ဓားတောင် ယူလာတယ်ပေါ့? ဒီလိုလုပ်ပါလား.. ငါ့ကို သူ့နေရာမှာ အစားထိုးဖို့ မစဉ်းစားချင်ဘူးလား အလှလေးရေ?"

"......"

လီယွိက မျက်ခုံးတစ်ချက်ကြုတ်လိုက်ကာ လက်သီးကို တင်းတင်းဆုပ်မိ၏။ သူ၏မျက်နှာအရောင်အဝါက မှေးမှိန်မှောင်မိုက်လျက်။ ကျောက်မူက လီယွိအား ဖက်တွယ်ထားရာမှ လွှတ်ပေးလိုက်​၏။ ထို့နောက် ကျောက်မူမှာ ဒယီးဒယိုင်ဖြင့် အနောက်လှည့်ကာ စားပွဲ၌ စိုက်လျက်သား ဓားမြှောင်ကို လက်ဖြင့်ဆုပ်ကိုင်လေသည်။ ပြီးလျှင် ဓားရိုးကို ဆတ်ခနဲ ဆွဲမ၍ အပြုံးပန်းဝင့်လျက် အရက်မူးနေသည့်လူတစ်ယောက်ပမာ ဓားကို ဟိုဟိုသည်သည် ဝှေ့ယမ်းလိုက်၏။ မျက်ဝန်းများထဲ၌ ကမူးရှူးထိုးဆန်မှုနှင့် စိတ္တဇဆန်ဆန် ရူးနှမ်းမှုများက အပြည့်။

အတိတ်ငွေ့များ ခိုအောင်းရာ [Completed]Wo Geschichten leben. Entdecke jetzt