4 (U)

845 154 10
                                    

အပိုင်း ()

အနှီဓာတ်ပုံလေးက သည်လောက်တောင် ကြာမြင့်စွာ တည်ရှိခဲ့သည်ပဲ။

တစ်ဆယ့်ခြောက်နှစ်အရွယ် လူပျိုပေါက်စလေးများ.. တစ်ယောက်က နှစ်ဆယ့်ခုနစ်နှစ်အရွယ် ယောက်ျားကြီးတစ်ဦးအဖြစ် အရွယ်ရောက်လာခဲ့ကာ ကျန်တစ်ဦးက ဖမ်းယူဆုပ်ကိုင်ခြင်းငှာ မစွမ်းသာတော့သည့် ဝိညာဥ်အဖြစ်သို့သာ ကူးပြောင်းသွားခဲ့ရသည်။

လီယွိဟာ ပင့်သက်ရှိုက် ငိုကြွေးခြင်းကို မရပ်တန့်နိုင်ခဲ့။ ဓာတ်ပုံလေးအား ရင်ခွင်ထဲ​ သိမ်းကြုံးပွေ့ဖက်၍ ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးနှယ် ကျုံ့ထားခဲ့သည်။

အသက်တစ်ဆယ့်ခြောက်နှစ်အရွယ် ကျောက်မူက တယောအား ကျောထက်၌လွယ်ကာ သူ့ထံ ချစ်ရေးစကားဆိုခဲ့သည်က တစ်စက္ကန့်မျှသာ ကြာမြင့်ခဲ့ပါသလို။ လီယွိက ကြောင်အမ်းအမ်းဖြင့် ခေါင်းညိတ်ပြလိုက်သည့်အခါ ကျောက်မူက ရွှင်မြူးအားရစွာဖြင့် ရယ်မောနေခဲ့သည်။ ပြတင်းပေါက်နားမှ ပျော်ရွှင်မြူးတူးစွာ ပြေးလွှားထွက်ခွာသွားသည့်ခြေလှမ်းကျဲကျဲများက တစ်ဖန် အိမ်တံခါးဝဆီ ဆိုက်ရောက်လာခဲ့ပြန်သည်။ လီယွိ တံခါးဖွင့်ပေးလိုက်သည်နှင့် ကျောက်မူက စိတ်အားထက်သန်သည့်မျက်ဝန်းများဖြင့် သူ့အား ကြည့်နေခဲ့၏။ လီယွိ သူ့အတွက် အိမ်တံခါးလာဖွင့်ပေးသည်ကို မြင်သော် ကျောက်မူက နေခြည်အနွေးဓာတ်လေးပမာ နွေးထွေးရွှင်ပျစွာ ပြုံးပြခဲ့ပါသည်။

ယခုထက်တိုင် စိတ်အစဥ်၌ မေ့မရသေးပေ......

လီယွိရှေ့တော်မှောက်၌ပင် ကျောက်မူက အသက်တစ်ချက်ကို ဝဝရှူသွင်းလိုက်၏။ ထို့နောက် တယောကို ဆွဲကိုင်ကာ ထူးဆန်းပွေလီလှသည့် သံစဥ်များဖြင့် သီကုံးထားသည့် သီချင်းတစ်ပုဒ်အား စိတ်လှုပ်ရှားတုန်လှုပ်စွာဖြင့် တီးခတ်လိုက်သည်။

တစ်ချို့တီးလုံးသံစဥ်က တိုပြတ်ပြတ်။ တစ်ချို့တီးလုံးသံစဥ်က ရှည်လျားထွေပြားစွာ။

Tà——tàtà——tàtà——

ဤသည်က နှလုံးခုန်သံ၏စည်းချက်ဝါးချက်များပမာ။

အတိတ်ငွေ့များ ခိုအောင်းရာ [Completed]Where stories live. Discover now