6 (U)

866 142 3
                                    

အပိုင်း ()

"ဒါဆို တမလွန်မှာလည်း မင်း ကိုယ့်အနားမှာပဲ နေပေးရမယ်......."

ကျောက်မူက ကိုယ်ကို ကိုင်းညွှတ်ကာ အနီရင့်ရောင်သန်းနေပါသော နှုတ်ခမ်းလွှာတစ်စုံကို လီယွိ၏အောက်မေးရိုး၌ အပ်နှံထားလိုက်သည်။ သူ၏မက်မွန်ဖူးမျက်ဝန်းများဟာလည်း စွဲမက်ဖွယ်ရာကောင်းလွန်းသည့် ညှို့ယူဖမ်းစားခြင်းများဖြင့် ရောပြွန်းပြည့်လျှံနေတော့၏။

"ကိုယ်တို့ နှစ်ယောက်တည်း.. ကိုယ်တို့ နှစ်ယောက်တည်းပဲ"

ဤသည်က ဥပါဒါန်အစွဲပင် မဟုတ်ပါလော။

လီယွိဟာ သူ၏ဘဝကြမ္မာသာ ဖြစ်ချေတော့သည်။

ကျောက်မူက နောက်တဖန် ပြန်လည်၍ လီယွိ၏လည်ပင်းကို အားကုန်သုံး၍ ထပ်ညှစ်ပြန်၏။

လီယွိမှာတော့ မည်သည်ကိုမျှ သဲသဲကွဲကွဲ ရှင်းရှင်းလင်းလင်း မကြားရတော့ချေ။ အောက်ဆီဂျင် အလွန်အကြူး လျော့ပါးပြတ်လပ်မှုက အကြားအာရုံကို တစ်မျိုးတစ်ဖုံ ထိခိုက်စေပုံပေါ်သည်။ စူးရှပြတ်သားလွန်းသည့် အသံက နားအတွင်း၌ မခံမရပ်နိုင်လောက်အောင် မြည်တမ်းနေလေရာ ကျောက်သင်ပုန်းအား လက်သည်းနှင့် တဂျစ်ဂျစ် ခြစ်နေသည့်အသံနှင့်ပင် တူနေတော့သည်။ ကျောက်မူ မည်သည်ကို ရေရွတ်ပြောဆိုနေကြောင်း မေးမြန်းချင်သည့်အလို့ငှာ နှုတ်ဖျားအား ဖွင့်ဟလိုက်ပါသော်လည်း မွန်းကြပ်ပိတ်လှောင်လှသည့် ချောင်းဆိုးသံများသာ တရစပ် ထွက်ပေါ်လာလေ၏။ မျက်လုံးများကို ဖုံးအုပ်ထားသည့် ကျောက်မူ၏လက်တစ်ဖက်က တဖြည်းဖြည်း လျော့ကျသွားပြီး လီယွိ၏ပါးပြင်ကိုသာ တယုတယ ပွတ်သပ်နေပြန်သည်။ ထို့နောက် ကျောက်မူက ခေါင်းငုံ့လိုက်ပြီးနောက် လီယွိအား ချစ်ခင်စုံမက်မှုများ၊ နွေးထွေးယုယမှုများနှင့် ပြည့်လျှမ်းနေသော မျက်ဝန်းအစုံဖြင့် ငေးမောကြည့်နေတော့၏။ သံနေသံထားက ငုံထားမတတ် ချစ်မြတ်နိုးလွန်းသဖြင့် ဂရုတစိုက် ပြောဆိုနေသည့်ပမာ။

"ခဏလေး သည်းခံလိုက်ရုံနဲ့ အားလုံး အဆင်ပြေသွားတော့မှာ ကိုယ့်ရဲ့အားယွီလေး..... နည်းနည်းလေးပဲ အောင့်ထားလိုက်.. ပြီးရင် သက်သာသွားလိမ့်မယ်.. မကြာခင်မှာပဲ ဒဏ်ရာတွေအားလုံး ထွက်ပြေးသွားလိမ့်မယ်.. လုံးဝ နာတော့မှာ မဟုတ်ဘူး"

အတိတ်ငွေ့များ ခိုအောင်းရာ [Completed]Where stories live. Discover now