5 (U)

812 144 7
                                    

အပိုင်း ()

ပုံတူကားချပ်ထဲမှ အမျိုးသား၏မျက်ဝန်းထက်မှ စိတ်ခံစားမှုပုံရိပ်လေးက ရေခဲတမျှ အေးစက်ခက်ထန်လှပေသည်။ တောင့်တင်းနေသည့် နှုတ်ခမ်းထောင့်စွန်းများကို အထက်သို့ ထူးထူးဆန်းဆန်း ပင့်တင်ထား၏။ ပြုံးနေသော်လည်း အပြုံးဟုမဆိုသာသည့် လှောင်ပြောင်သရော်နေမှုမျိုး။

"ငါ့ကို အဲ့လိုမျိုး မကြည့်ပါနဲ့"

လီယွိက ထိုသို့ဆိုကာ ပုံတူကားချပ်ထံသို့ ကတိမ်းကပါး လျှောက်လှမ်းလာသည်။ ထို့နောက် တဒင်္ဂမျှ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တပ်ရပ်ကာ ရုတ်တရက် လက်မြှောက်ပြီး ပုံတူပန်းချီထဲမှ အမျိုးသား၏မျက်လုံးများကို ဖုံးကာလိုက်ကာ နှုတ်မှ ရေရွတ်လိုက်၏။

"အားမူ...... ဒီလိုမျိုးမနေပါနဲ့.. ပထမဆုံး ညာပြောတဲ့လူက မင်းလေ...... ငါက အတည်ယုံလိုက်ရုံပဲ"

မျက်လုံးကို ကာဆီးလိုက်သော်ငြား လီယွိအား အငြိုးအာဃာတဖြင့် လခြမ်းကွေးသဏ္ဌာန် ပြုံးတက်နေသော နှုတ်ခမ်းထောင့်စွန်းများကိုတော့ မဖုံးကွယ်နိုင်တော့ချေ။ လီယွိမှာ အပူလောင်သွားသည့်ပမာ လက်ကို အလျင်အမြန် ပြန်ရုတ်လိုက်၏။

မှန်ပေသည်။ ဤသည်က ကျောက်မူအစစ်အမှန်မှ မဟုတ်သည်ဘဲ။ သူ မည်သည်ကို ပြောပြော လွယ်လင့်တကူ နာခံနားထောင်လိမ့်မည်မဟုတ်။

နောက်တစ်နေ့၌ လီယွိမှာ အဖန်ဖန်အထေထေ ဟောင်းနွမ်းနေသည့် ဓာတ်ပုံလေးကို ကိုင်ဆောင်ကာ ဓာတ်ပုံဆိုင်တစ်ဆိုင်သို့ သွားခဲ့၏။

လီယွိမှာ အနည်းငယ် ကြောက်လန့်တုန်လှုပ်နေလေသည်။ ဆိုင်ရှင်အား အလွန်တရာ သေးငယ်လှသည့် ဓာတ်ပုံလေးကို ပြကာ လူတစ်ရပ်စာ၏တစ်ဝက်မျှ ကြီးပေးပါရန် တောင်းဆိုခဲ့၏။ ဆိုင်ရှင်မှာလည်း ချက်ချင်းမဆိုင်း ခေါင်းခါပြလေတော့သည်။

"ညီလေး.. ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူးနော်.. ဓာတ်ပုံကို ဒီထက် ပိုကြီးလိုက်ရင် ဝါးသွားလိမ့်မယ်"

လီယွိမှာလည်း မျက်လုံးများ နီစွေးလျက် ကွဲအက်နေသည့်အသံဖြင့် တောင်းပန်လေ၏။

အတိတ်ငွေ့များ ခိုအောင်းရာ [Completed]Where stories live. Discover now