Chapter 1

26.5K 1.2K 24
                                    

Zawgyi

1

ဤကမ္ဘာမြေပေါ်မှာ နေထိုင်ကြတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လှမ်းနေတဲ့ ခြေလှမ်းတိုင်းဟာ ထပ်တူညီကြမှာ မဟုတ်ဘူး။ တချို့က ကိုယ့်ဘဝနဲ့ သင့်တော်ရာကို လှမ်းကြရတယ်။ အချို့ အချို့ကတော့ ကံကြမ္မာစီစဉ်ရာမှာ ပျော်မွေ့ကြရတယ်။ အများစုကတော့ ကိုယ့်ဘဝကို စည်းစိမ်ချမ်းမြေ့မှုတွေနှင့် အသက်ရှင်ကြဖို့ ရုန်းကန်ကြရတာပဲ။

"ရှောင်းယန်ချန်းအိမ်တော်၊ ရှောင်းမျိုးနွယ်၊ ရှောင်းကျန့်၊ နောက်ဆုံးအဆင့် တော်ဝင်ကိုယ်လုပ်တော်ရွးချယ်ပွဲသို့ ဝင်ရောက်စေ..."

တော်ဝင်ကိုယ်လုပ်တော် ရွေးချယ်ပွဲ။ ဟုတ်တယ်။ ရှောင်းကျန့်ရဲ့ ခြေလှမ်းဟာ ကြီးကျယ်မြင့်မြတ်မှုတွေ စုဝေးနေတဲ့ တော်ဝင်နန်းတော်ကြီးရှိရာဆီသို့ ဖြစ်တယ်။
ဘဝတစ်လျှောက်လုံး ခက်ခဲရုန်းကန်ခဲ့ရသမျှ၊ ပင်ပန်းဆင်းရဲခဲ့ရသမျှ၊ နာကျည်းခဲ့ရသမျှကို ပြန်ချေမှုန်းနိုင်ဖို့အတွက် နည်းလမ်းက တစ်ခုတည်းသာ ရှိတယ်။ တော်ဝင်ကိုယ်လုပ်တော်ပွဲမှာ ဝင်အရွေးခံပြီး အဆင့်မြင့်ကိုယ်လုပ်တော်တစ်ယောက်ဖြစ်မှ သူ့ဘဝကို သူအကောင်းဆုံးမြှင့်တင်နိုင်မှာ ဖြစ်တယ်။

"ချနိမျိုးနွယ် ချန်ရှောင်းကျီ၊
ရှင်းမျိုးနွယ် ရှင်းကျင့်းယောင်၊
ရှောင်းမျိုးနွယ် ရှောင်းကျန့်၊
ယန်မျိုးနွယ် ယန်လုဟု ရင့်ချီနန်းခန်းမဆောင်သို့ ဝင်စေ..."

တော်ဝင်မိသားစုရေးရာအထိန်းတော်၏ အမိန့်ပေးသံအဆုံးမှာ ရှောင်းကျန့်ဟာ တုန်ရီနေတဲ့ လက်နှစ်ဖက်ကို အချင်းချင်းပြန်ယှက်ကာ ဆုပ်ကိုင်လိုက်တယ်။ နောက်ဆုံးအဆင့်ကို ဝင်ရောက်နိုင်ပြီး အရှင်ဘုရင်ကိုယ်တိုင်ရွေးချယ်မယ့် အရေးအကြီးဆုံးအဆင့် ဖြစ်တယ်။
ဒီအဆင့်မှာ သူအောင်မြင်မှ သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲနိုင်မှာ။ ဒီတွေ့ဆုံမှုဟာ သူ့ဘဝအတွက် အရေးအကြီးဆုံး ခြေလှမ်းပါဘဲ။
စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထိန်းရင်း မျက်လွှာကိုအသာချလို့ ခန်းမဆောင်ထဲကို ဝင်လာခဲ့တယ်။

"ချန်မျိုးနွယ် ချန်ရှောင်းကျီက ဘဏ္ဍာရေးရာအမတ်ကြီးရဲ့ အငယ်ဆုံးသါးပဲ၊ မျက်နှာမော့ကြည့်ပါဦး"

Hua Xiao{Completed}Where stories live. Discover now