Chapter 19

6.8K 807 108
                                    

Zawgyi

19

"ဟွားရှောင်း... မင်းကိုမျက်နှာသာပေးတယ်ဆိုတာနဲ့ပဲ မင်းကအတော်ဆိုးနေပါလား"

ဝမ်အရှင်ဟာ ဟွားရှောင်းရဲ့လက်တွေကို ခပ်ကြမ်းကြမ်းဆွဲယူလိုက်တဲ့အခါ ဟွားရှောင်းဟာလည်း ဝမ်အရှင်ရဲ့ ဆွဲထားတဲ့လက်တွေကို ပြန်ရုန်း၏။ ငြိမ်ငြိမ်မနေဘဲ ရုန်းကန်နေတဲ့ ဟွားရှောင်းကြောင့် ဝမ်အရှင်ဟာ လက်နှစ်ဖက်ကို အကြမ်းပတမ်းဆွဲယူလိုက်ပြီး ကိုယ်သေးသေးလေးကို ဆွဲဆောင့်ကာ သူ့က်ုယ်နှင့် နီးကပ်စေ၏။
စိတ်ဆိုးဒေါသထွက်မှုနှင့်အတူ ရောထွေးနေတဲ့ မျက်ရည်စလေးတွေဟာ ဟွားရှောင်းရဲ့ သူသိပ်မြတ်နိုးလှတဲ့ မျက်ဝန်းအိမ်လေးကနေ ကျဆင်းလာခဲ့တော့ ဝမ်အရှင်ရဲ့တင်းထားတဲ့စိတ်တွေဟာ ယိုင်လုမတက် ပြိုဆင်းချင်လာတယ်။

ချီကုန်းကုန်းကတော့ ဝတ်ပြုဆောင်အတွင်းမှာ ဆွဲလားရမ်းလားနဲ့ရန်ဖြစ်နေတဲ့ ဝမ်အရှင်နှင့်ဟွားရှောင်းကွေ့ဖေးတို့ကို တားလည်းမတားရဲသလို၊ ဝင်လည်းမဆွဲရဲ။

"အရှင်ကမှ ဆိုးသွမ်းနေတာ မဟုတ်ဘူးလား။ အရှင်နဲ့ မတွေ့ချင်ဘူး... လွှတ်ပေး ဖယ် လွှတ်ပေး"

"ဟွားရှောင်း..."

ဟွားရှောင်းဟာ ဝမ်အရှင်ရဲ့လက်တွေကို အားကုန်ရုန်းထွက်လိုက်ပြီး ဝမ်အရှင့်ကို တွန်းပစ်ကာ ဝတ်ပြုဆောင်ထဲကနေ ထွက်လာတော့တယ်။ ဝမ်အရှင်ကတော့ ခေါင်းတယမ်ယမ်း၊ သက်ပြင်းတချချနှင့် လေပူတွေကိုမှုတ်ထုတ်ရင်း ကျန်ရစ်နေခဲ့တော့တယ်။

"ချီကုန်းကုန်း... ငါမှားများမှားနေပြီလားကွာ"

ဝမ်အရှင်ဟာ သက်ပြင်းတချချနှင့်ဆိုလာတော့ ချီကုန်းကုန်းဟာ စိတ်မကောင်း။

"ကျွန်တော်မျိုးက အရှင့်ရဲ့အစေခံတစ်ယောက်ပါ။ မပြောသင့်မှန်းသိပေမယ့် ဝင်ပြောပါရစေ... အရှင်နဲ့ ဟွားရှောင်းကွေ့ဖေး ညှိညှိ နှိုင်းနှိုင်းလုပ်သင့်ပါတယ်။ အခုဆို ကွေ့ဖေးသခင်က အရှင့်ကိုစိတ်ဆိုးအထင်လွဲမြင်နေတယ်လို့ ကျွန်တော်မျိုး ထင်မိပါတယ်။
ဒီတော့ စုံစမ်းရေးကိစ္စတွေကို အမြန်လုပ်ဆောင်ပြီး ရှင်းပြသင့်ပါပြီ"

Hua Xiao{Completed}Where stories live. Discover now