Chapter 20

7.3K 813 82
                                    

Zawgyi

"လီလီ..."

လီလီဟာ လက်နှစ်ဖက်ကို ကြိုးနှင့်အတုတ်ခံထားရတယ်။ ဟွားရှောင်းကိုမြင်တာနှင့် ခေါင်းငုံ့သွားပြီး နှုတ်ကနေ တောင်းပန်စကားဆိုနေတော့တယ်။

"တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်... ကျွန်မယောကျာ်းကို မသတ်ပါနဲ့... "

ဝမ်အရှင်က လီလီ့ကို ခြေထောက်နှင့် ဆောင့်ကန်လိုက်တော့ လီလီဟာ ကြိုးတုတ်လျက်သား လဲသွားတော့တယ်။ ဟွားရှောင်းဟာ လီလီ့ကိုတွေ့ပြီး ဘာစကားမျှမပြောနိုင်၊ ငြိမ်သက်တိတ်ဆိတ်ကာ လီလီ့ကို မျက်ရည်တွေဝဲလျက် ကြည့်နေ၏။ ချီကုန်းကုန်းက လီလီရဲ့ဆံပင်ကို နောက်ကနေဆုပ်ကိုင်ကာ ဆွဲလှန်ပြီး မေး၏။

"ပြောလိုက်လေ... နင်က ဘာလဲ။ ဘယ်သူလဲ။ ဘယ်သူကခိုင်းလို့ ဒီလိုတွေလုပ်ရတာလဲဆိုတာ"

လီလီဟာ မျက်ရည်တွေအိကနဲဆင်းကျလာပြီး တုန်တုန်ရီရီနှင့် ဆိုတော့တယ်။

"ကျွန်မယောကျာ်းကို မသတ်ပါနဲ့နော်.. အဲ့ဒါဆို အကုန်ပြောပြပါ့မယ်"

ဟွားရှောင်းဟာ ကျောက်ရုပ်ကြီးလို ရပ်မြဲရပ်ဆဲ။ လီလီက သေသွားပြီမလား။ ဟွမ်ဟုတ်ကသတ်လို့ သေသွားခဲ့တာလေ... သူ့လက်ထဲမှာ သေသွားခဲ့တာလေ။

"အရှင်.... လီလီက သေသွားပြီမဟုတ်ဘူးလား"

လီလီက ဟွားရှောင်းကို မဝံ့မရဲကြည့်ကာ လက်အုပ်ချီရင်း ဆိုလာ၏။

"ဟွားရှောင်းသခင်လေး... ကျွန်မတောင်းပန်ပါတယ်။ ဟွားရှောင်းသခင်လေးကု မနစ်နာစေချင်ပါဘူး။ ကျွန်မလုပ်သမျှက ထိုက်ဟုတ်စေခိုင်းလို့ လုပ်ရတာပါ...
ကျွန်မက ထိုက်ဟုတ် အရင် ဟွမ်ကွေ့ဖေးဘဝကတည်းက ခစားလာခဲ့ရသူပါ။
အရင်အိမ်ရှေ့စံသတ်ဖို့ ကြံစည်ရတဲ့ထဲမှာလည်း ကျွန်မပါဝင်ခဲ့ပါတယ်။
ဟွားရှောင်းသခင်လေးကိုလုပ်ကြံဖို့ ပန်းကန်တွေကို သတ္ထုရည်သုတ်လိမ်းဖို့ လုပ်ခဲ့တာလည်း ကျွန်မပါပဲ။
နောက်ပြီး.... ယွမ့်မင်ယွမ့်ခြံက ကိစ္စကလည်း ဟွားရှောင်းသခင်လေးနှင့် ဟွမ်ဟုတ် အထင်အမြင်လွဲအောင် ထိုက်ဟုတ်စီစဉ်ညွှန်ကြားထားတဲ့ အတုအယောင်လုပ်ဆောင်မှုပါ....
အဲ့နေ့က ကျွန်မလည်း သွေးအတုတွေနှင့်ဟန်ဆောင်ခဲ့ပြီး သခင်လေးတို့ထွက်သွားချိန်မှာ ထိုက်ဟုတ်အကူအညီနဲ့ ထွက်ပြေးသွားခဲ့တာပါ"

Hua Xiao{Completed}Where stories live. Discover now