Chapter 4

7.4K 877 39
                                    

Zawgyi

4

"အရှင်က ရှင်းချန်းကျိုက်ကို ရွေးချယ်လိုက်ပါတယ်တဲ့"

ရှောင်းကျန့်ရဲ့ မျှော်လင့်ချက်တွေဟာ တစစီပြိုပျက်သွားခဲ့ရတယ်။ ထိုင်ရက်ကြီး ချက်ချင်းငြိမ်ကျသွားတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး လီလီနှင့် ဝမ့်ချင်က စိတ်မကောင်းဖြစ်သွားတယ်။

"သခင်လေး စိတ်ထဲမထားပါနဲ့။ ရှင်းချန်းကျိုက်က အမတ်ချုပ်ကြီးရဲ့မြေးမို့ မျက်နှာသာပေးတဲ့အနေနှင့် ရွေးလိုက်တာပါ။ နိုင်ငံရေးမှာ ဒီလိုလှည့်ကွက်တွေလည်း ရှိတက်တာမို့ စိတ်ရှည်ပေးရပါတယ် သခင်လေး"

ရှောင်းကျန့်က သက်ပြင်းသဲ့သဲ့ချလိုက်မိတယ်။ တအားကိုမျှော်လင့်ခဲ့မိတာ။ ရှောင်းကျန့်ဟာ ယို့ယွင်းချင်တဲ့စိတ်ကို အမြန် ပြန်ပြင်လိုက်တယ်။
သူရောက်နေတာက နန်းတော်ပဲ။ သူက ဘုရင့်ကိုယ်လုပ်တော်။ အနောက်နန်းဆောင်မှာ အရှင့်ကိုခစားရတဲ့သူတွေ ၁၅ယောက်တောင်ရှိတယ်။
သူက တစ်ရက်လောက်လေး သခင်ဖြစ်လိုက်တာနှင့် က်ုယ့်အရင်ဘဝကိုမေ့သွားတာပဲ။

"လီလီ၊ ဝမ့်ချင် အနားယူတော့လေ။ ငါဒီနေ့ စောစောအနားယူတော့မယ်"

အဲ့နေ့ညကလည်း ရှောင်းကျန့် အိပ်မပျော်ခဲ့ဘူး။ နောက်တစ်နေ့မနက်ရောက်တဲ့အခါ သူခေါင်းတွေကိုက်နေမိတယ်။ ဟွမ်ဟုတ်ကို ဂါဝရသွားပြုတော့ ရှင်းချန်ကျိုက်ကို ဂုဏ်ယူဝံ့ကြွားစွာနှင့် တွေ့ရတယ်။ အားလုံးကလည်း ရှင်းချန်းကျိုက်ကို အသာပေးဆက်ဆံကြတော့ အနောက်နန်းဆောင်မှာ အရေးကြီးဆုံးက မင်းမြတ်နိုးမှုပါလားဆိုတာကို သေချာနားလည်မိသွားတယ်။

"အရှင်က ရှင်းချန်ကျိုက်ရဲ့နန်းဆောင်ကို လက်ဆောင်ပဏ္ဏာတွေနှင့် သံလွင်ပန်းတွေ ပို့ပေးလိုက်တာတဲ့။ ရှင်းချန်ကျိုက်ကို အရှင်ကအတော်နှစ်ခြိုက်ပုံရတယ်"

ဟုန်ဖေးက ရှင်းချန်ကျိုက်ကို ချီးကျူးတယ်။ ယွီအန်းဖေးကတော့ မနေ့က ရှောင်းကျန့်ကိုမကျေနပ်ပြီး ယနေ့တော့ ရှင်းချန်ကျိုက်ကို မကျေမနပ်ဖြစ်နေပုံရတယ်။ ရှင်းချန်ကျိုက်ကို စကားအကန်တွေပြောတော့တယ်။
ဟွမ်ဟုတ်မယ်မယ်ကတော့ ထုံးစံအတိုင်း ဝမ်းသာကြောင်းသာဆိုပြီး အေးအေးချမ်းချမ်းသာနေတယ်။

Hua Xiao{Completed}Where stories live. Discover now