Chapter 25

7.2K 740 38
                                    

25

25

ဟွားရှောင်းဟာ သူ့အတွက်တော့ အဖိုးဖြတ်မရတဲ့ ရတနာတစ်ခုလိုပါပဲ။
မြတ်နိုးတယ်။ နှစ်သက်တယ်။ ချစ်တယ်။ ဘယ်သူ့ကိုမှ လုံးဝမပေးချင်တဲ့အထိ သူ့နှလုံးသားထဲမှာ ထာဝရသိမ်းဆည်းဖွက်ထားချင်တယ်။ ဝမ်အရှင်ဟာ ဟွားရှောင်းကို အဲ့လောက်ထိကိုမြတ်နိုးတယ်။

ဟွားရှောင်းရဲ့ဆံနွယ်တွေကို တယုတယကိုင်ထားတဲ့ နည်းပြကျိုးကို တွေ့ရတဲ့အခါ သူ့ရင်ထဲမှာ မီးတောင်ပြိုကျသွားသလိုပဲ
အပူမီးတွေဟာ တဗွက်ဗွက်ဆူလို့ သူ့နှလုံးသားကို ပူလောင်လောင်မြိုက်စေတယ်။ ဟွားရှောင်းရဲ့ဆံနွယ်တွေကို ကိုင်ထားတဲ့ နည်းပြကျိုးရဲ့လက်တွေကို အားနဲ့တွန်းဖယ်လိုက်တယ်။ ဟွားရှောင်းရဲ့ လက်ကို ခပ်ကြမ်းကြမ်းဆွဲလို့ လက်နက်ဖိုထဲက အမြန်ဆုံးခေါ်လာလိုက်တယ်။

ဝမ်အရှင်ဟာရုတ်တရက်ရောက်လာပြီး ဒေါသတကြီးဖြစ်နေပုံကြောင့် ဟွားရှောင်းရော နည်းပြကျိုးပါ အံ့သြသွားကြတယ်။
ဟွားရှောင်းရဲ့လက်တွေဟာ ဝမ်အရှင်ရဲ့ကြမ်းတမ်းစွာဆုပ်ကိုင်ထားခြင်းခံရတာကြောင့် အတော်ကိုနာကျင်နေတယ်။

"အရှင်. . . ဖြေးဖြေးလေ. . . ဘာဖြစ်လို့လဲ"

ဟွားရှောင်းရဲ့ အမေးစကားကိုကြားတဲ့အခါ ဝမ်အရှင်ဟာ ပိုလို့ဒေါသထွက်သွားရတယ်။ ရန်ရှင်းနန်းဆောင်ကိုရောက်တဲ့အခါ ဟွားရှောင်းရဲ့ကိုယ်ငယ်လေးကို ကုတင်ပေါ်သို့ အားနှင့် ပစ်တွန်းချပလိုက်တယ်။
ဟွားရှောင်းဟာ ဝမ်အရှင်ရဲ့ဒေါသတကြီးအပြုအမူကို ခုထိနားမလည်သေး။ လမ်းတစ်လျှောက်လုံး ဘာစကားမျှမပြောဘဲ အမျက်ထွက်နေသူ ဝမ်အရှင်ဟာ သူ့ကို စူးစူးရဲရဲကြည့်နေတာမို့အနည်းငယ်တော့ ကြောက်ရွံ့မိတယ်။

"ဘာ. . . ဘာဖြစ်လို့ ဒေါသထွက်နေတာပါလဲ အရှင်"

"မင်းအတော်ပျော်နေတယ်ပေါ့. . . ဟုတ်လား။ မင်းရဲ့ငယ်ချစ်ဟောင်းက မင်းကို ယုယနေတာကို ပျော်နေတယ်ပေါ့ ပြောစမ်း ဟွားရှောင်း"

ဝမ်အရှင်ရဲ့ ဒေါသတကြီးအော်ဟစ်သံအဆုံးမှာ ဟွားရှောင်းဟာ ဝမ်အရှင် ဘာကြောင့်ဒေါသထွက်နေရလဲဆိုတာနားလည်သွားတယ်။ ဒီအကြောင်းကို သူလျှို့ဝှက်ခဲ့တာမဟုတ်ပေမယ့် အသိပေးစရာ အကြောင်းလည်းမရှိဘူးလို့ ထင်တယ်။
အခု ဒီအကြောင်းအရာဟာ ဝမ်အရှင်ထံ ဘယ်နေရာကနေရောက်လာတယ်ဆိုတာလည်း သူခံစားမိသွားတယ်။

Hua Xiao{Completed}Where stories live. Discover now