Chapter 8

6.9K 806 38
                                    

Zawgyi

8

"ရှောင်းကျန့်... ရှောင်းကျန့်"

ခေါ်သံကြားပေမယ့် ရှောင်းကျန့်ဟာ မလှည့်ကြည့်မိ။ ခြေလှမ်းကိုသာ ခပ်သွက်သွက်လျှောက်ရင်း ဝေါယဉ်ပေါ်ကု တက်လိုက်တော့တယ်။ ဝမ့်ချင်နှင့်လီလီကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ အချက်ပြနေကြတယ်။

"ဝမ့်ချင်၊ ကျိုးသခင်လေးက နန်းတော်ရဲ့ဂိတ်တံခါးကို မသိလို့ထင်တယ်။ သေချာပြန်ပို့ပေးလိုက်ပါ"

ပြောပြီးတာနှင့် ရှောင်းကျန့်ရဲ့ဝေါယဉ်ဟာ ယုံလျန်ကုန်းနန်းဆောင်သို့ ဦးတည်တယ်။ ဝမ့်ချင်ကတော့ ရှောင်းကျန့်ရဲ့အမိန့်တိုင်း ကျိုးချန်နှင့်အတူ ကျန်ရစ်ခဲ့တယ်။

"ကျိုးသခင်လေး... ကျွန်တော်မျိုးမ ပြန်လိုက်ပို့ပေးပါ့မယ်"

"ဝမ့်ချင်... ရှောင်းကျန့်က ဘာလို့ဒီလိုဖြစ်သွားရတာလဲ"

"ကျိုးသခင်လေး... ရှောင်းကောကောက ခုချိန်မှာ ဟွားရှောင်းကွေ့ရန်ဖြစ်နေပါပြီ။ နာမည်တပ်ခေါ်လို့ အဆင်မပြေပါဘူး"

"အဟက်..."

ကျိုးချန်က ခပ်သဲ့သဲ့ရယ်တယ်။ မျက်ရည်တွေကလည်း ထိန်းမရတော့ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရင်ထဲကနာကျင်မှုကို ထိန်းတယ်။

"ကျွန်မလ်ုက်ပို့ပေးပါ့မယ် သခင်လေး"

"ရပြီ... ငါပြန်တက်ပါတယ် ဝမ့်ချင် သူ့ဆီကိုသာ ပြန်ပါတော့"

ကျိုးသခင်လေးဟာ အားအင်ဖျော့စွာနဲ့ပဲ နန်းတော်ဂိတ်တံခါးဝကို လှည့်လာခဲ့တယ်။ သူ့ရဲ့ဘဝတစ်ခုလုံးဟာ ရှောင်းကျန့်ပဲဖြစ်တယ်လို့ သူသတ်မှတ်ထားခဲ့တာ။ သူ့ရဲ့ရည်ရွယ်ချက်အစစ်အမှန်ကို ရှာဖွေနိုင်ခဲ့တာ ရှောင်းကျန့်ကြောင့်။
သူ့ရဲ့အနာဂတ်ကိုလည်း ရှောင်းကျန့်နှင့်အတူပုံဖော်ဖို့ သူ့မိသားစုကို ပုန်ကန်ပြီး ပညာတော်သင်သွားခဲ့တာ။
အခုတော့ အရာအားလုံးဟာ သဲထဲရေသွန်ဖြစ်ကုန်ပြီ။ သူ့ကိုပစ်ပစ်ခါခါထားခဲ့ပြီး အရူးလုပ်သွားခဲ့တဲ့ ဘုရင့်ကိုယ်လုပ်တော်ကြီးကို သူမမုန်းရက်နိုင်ပါဘူး။ မမေ့ရက်နိုင်ပါဘူး။ ခဏလေးပါပဲ... မျက်နှာတော်လေးကို ခဏလောက် မော်ဖူးကြည့်ချင်ရုံလေးပါပဲ။ ဒါပေမယ့်လည်း သူသိပ်မြတ်နုးရတဲ့ ချစ်သူလေးဟာ သူ့ကို ရက်ရက်စက်စက် ကျောခိုင်း ထွက်ခွာခဲ့လေပြီ....

Hua Xiao{Completed}Where stories live. Discover now