Chapter 2

9.9K 1K 24
                                    

Zawgyi

2

တန်ဖုးသိပ်ကြီးပုံမရတဲ့ မိုးပြာရောင်ပိုးထည်လေးနှင့် ဘာလက်ဝတ်ရတနာကိုမှ ဝတ်ဆင်ထားခြင်းမရှိဘဲ တော်ဝင်ကိုယ်လုပ်တော်ရွေးပွဲကို ဝင်ပြိုင်သွားတဲ့ ရှောင်းမျိုးနွယ်ကောင်လေးဟာ အရှင်ဘုရင် ပိုင်လီ ဝမ်ရိပေါ်ရဲ့ စိတ်ထဲမှာ ထင်ကျန်နေဆဲ။
"ဟွားရှောင်း" သူနှင့် သိပ်လိုက်ဖက်တယ်။
လက်ဝတ်ရတနာဆိုလို့ ငွေဆံထိုးလေးတစ်ခုသာ ပန်ဆင်ထားတဲ့ ထိုကောင်လေးမှာ အခမ်းအနားဆုံး အဆင်တန်ဆာလေးကတော့ နှုတ်ခမ်းအောက်က မှည့်အနက်ကလေးပဲ။ စကားပြောတိုင်း လှုပ်ခတ်သွားတဲ့ မှည့်အနက်ကလေးက သူ့မှတ်ဥာဏ်ထဲမှာ ခဏ ခဏ ထင်ဟပ်နေစေတယ်။

"အရှင်... ဒီနေ့ ရွေးချယ်ခဲ့တဲ့ ကိုယ်လုပ်တော်တွေကို စိတ်ကျေနပ်ပါရဲ့လား"

သူက ညီလာခံအစည်းအဝေးကနေ လျှောက်ထားတဲ့ စာလွှာတွေကို ဖတ်ရှူနေပေမယ့် မှည့်အနက်ကလေးကု တွေးနေမိတယ်။ သူ့ဘေးနားမှာ မှင်သွေးပေးနေတဲ့ ဟွမ်ဟုတ်(မိဖုရားခေါင်ကြီး) ရဲ့အသံကြားမှ စိတ်ကိုအမြန်ပြန်စုစည်းလိုက်ရ၏။

" မဆိုးပါဘူး။ ရည်ရည်မွန်မွန် ရှိကြပါတယ်"

ဟွမ်ဟုတ်က ခင်ပွန်းသည်ဝမ်အရှင်အတွက် လဘ္ကက်ရည်ငှဲ့ပေးရင်း နူးညံ့စွာ ပြုံးတယ်။

"ကျွန်မလည်း ဒီတစ်ခေါက်ဝင်လာတဲ့ ကိုယ်လုပ်တော်တွေကို သိပ်သဘောကျတယ်။ မျိုးရိုးကအစ ကောင်းမွန်ကြပြီး အရည်အချင်းလေးတွေက မဆိုးကြဘူး။
ရှင်းမျိုးနွယ် ရှင်းကျင်းယောင်ဆို အတော်လေးကိုချောမောတဲ့အပြင် ကုန်သည်ရေးရာမှာလည်း အကျွမ်းတဝင်ရှိလှတယ်။
လီမျိုးနွယ် လီချင်ဆိုလည်း နတ်သမီးအပျိုတော်အကမှာ အတော်ကို ထူးချွန်တယ်...
အို ကိုယ်လုပ်တော်အသစ်လေးတွေက စိတ်ဝင်စားစရာပါ"

အသေအချာနားထောင်နေတဲ့ ဝမ်ရိပေါ်က ဟွမ်ဟုတ်ဆီကနေ ရှောင်းမျိုးနွယ်လေးအကြောင်းများ ပြောမလားလို့ စောင့်မျှော်နေတယ်။ ဟွမ်ဟုတ်က ဝမ်အရှင်ရဲ့မျက်နှာထားကိုကြည့်ပြီး ခေါင်းအသာရမ်းတယ်။ ဝမ်အရှင်ရဲ့ ပါးပြင်နုနုကို ခပ်ဖွဖွဆုပ်ကိုင်ရင်း ရယ်တယ်။

Hua Xiao{Completed}Where stories live. Discover now