Chapter 15 Uni

6.8K 664 32
                                    

15

"ဟွမ်ဟုတ်မယ်မယ်ကို မယုံပါနဲ့။ သူက သူ့သား ထီးနန်းရဖို့အတွက် သခင်လေးကို အသုံးချမှာ... အဟွတ်...
ပထမကိုယ်ဝန်တုန်းကလည်း သူကြံစည်ခဲ့တာ။
ခုကလေးက်ုလည် ကျွန်မကို လုပ်ကြံခိုင်းခဲ့တာ ဒါပေမယ့် အဟွတ်... ကျွန်မက သခင်လေးအပေါ် သံယောဇဉ်တွယ်ပြီး မလုပ်ခဲ့တော့ ကျွန်မကိုသူ့လူတွေနဲ့ သတ်ခိုင်းတာ..."

လီလီဟာ ပြောနေရင်းနဲ့ မောလာတော့ ဟွားရှောင်းမှာ ကြည့်နေရင်းနှင့် သနားစိတ်ဝင်လာရတယ်။ လီလီပြောတာတွေဟာ တကယ်ဟုတ်၊ မဟုတ် သူမယုံကြည်နိုင်ပေမယ့် အသက်နှင့်ရင်းပြီးဆိုတဲ့စကားတွေမို့ ယုံရက်ခက်ခက်ဖြစ်နေမိတယ်။

"သခင်လေး... အခု ပြေးပါ။ ထိုက်ဟုတ်ရဲ့နန်းဆောင်ဆီ အမြန်သွားပါ။ သူတို့ရောက်လာတော့မယ်... မြန်မြန်..."

"လီလီ... "

လီလီဟာ ဟွားရှောင်းရဲ့လက်ကလေးကို ဝမ့်ချင်ရဲ့လက်ကလေးထဲသေချာထည့်ပေးရင်း ဝဲတက်လာတဲ့မျက်ရည်တွေနှင့်အတူ ပြုံးရှာတယ်။

"ဝမ့်ချင်... ငါကသေလူပါ။ ငါ့ကို ဂရုမစိုက်နဲ့ သခင်လေးကို အမြန်လိုက်ပို့... သူတို့လိုက်လာပြီး လုပ်ကြံတော့မယ်... မြန်မြန်"

လီလီဟာ သူ့ရင်ဘတ်ကဒဏ်ရာကိုဖိရင်း စကားတစ်လုံးချင်းစီကို ပီသစွာပြော၏။ ဝမ့်ချင်ဟာ ချက်ချင်းပဲ ဟွားရှောင်းကို ဆွဲထူတော့ ဟွားရှောင်းဟာ မထ။ လီလီကို ပွေ့ဖက်ရင်း ငိုနေတယ်။

"သခင်လေး... အမြန်သွားပါ။ ထိုက်ဟုတ်ကသာ သခင်လေးနဲ့တော်ဝင်ရင်သွေးလေးကို ကာကွယ်ပေးနိုင်... မှာ အမြန်... သွား ပါ"

"လီလီ..."

ဟွားရှောင်းမှာ လီလီ့ကို မထားရက်နိုင်။ လီလီက တွန်းပို့နေပေမယ့် သွေးအိုင်ထဲက လီလီ့ကို တစ်ယောက်တည်းမထားခဲ့နိုင်သလို ယခုကြားနေရတဲ့အဖြစ်အပျက်ကြောင့်လည်း ယူကြုံးမရဖြ်နေမိတယ်။ ဝမ့်ချင်ဟာ ဟွားရှောင်းကိူ အမြန်ဆွဲထူရင်း လက်မောင်နှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ပြော၏။

"သခင်လေးပြောတော့ ဗိုက်ထဲကကလေးလေးကို ကာကွယ်ပေးမှာဆို ခုတော့ သစ္စာဖောက်ခံရလို့ သွေးပျက်နေတာလား။ နန်းတော်ကိုမဝင်ခင်က ရှောင်းကျန့်က ဘယ်ရောက်သွားတာလဲ။
သခင်လေး သတိကပ်စမ်းပါ။ ကလေးလေးကို ကာကွယ်ရမယ်လေ...."

Hua Xiao{Completed}Where stories live. Discover now