Chapter 29

5.8K 590 66
                                    

Uni

29
(Sexual content is included in this part. Don't read under age 16.)

"အရှင်ရော..."

"ဟုတ်။ ဝမ့်ချင်လည်း ချီကုန်းကုန်းတို့ကိုပါ မတွေ့သေးဘူး"

ရှီးထာ့လာ့အိမ်တော်ရဲ့ တည်ခင်းကျွေးမွေးတဲ့နံနက်စာစားပွဲဟာ ခမ်းနားစွာပြင်ဆင်ထားတယ်။ ရှီးထာ့လာကိုရောက်မှ တူတူအိပ်ရာခွဲအိပ်ရတဲ့အတွက် ဟွားရှောင်းဟာ ခုထက်ထိ အရှင့်ကို မတွေ့ရသေး။ နံနက်စာသုံးဆောင်ချိန်အထိ ရောက်မလာသေးတဲ့အတွက် အရှင့်ရဲ့တည်းခိုနန်းဆောင်ကို လိုက်သွားဖ်ု့ ပြင်လိုက်တယ်။

"ဟွမ်ဟုတ်သခင်ကို ဂါဝရပြုပါတယ်။ အရှင်မင်းကြီးဆီသွားမလို့လား ဟွမ်ဟုတ်သခင်"

မင်းသမီးလီရင်ဟာ ပြုံးရွှင်သောမျက်နှာထားနှင့် ဟွားရှောင်းကို နှုတ်ဆက်တယ်။

"ဟုတ်တယ်။ အခုထိ ရောက်မလာသေးလို့လေ"

"လာမှာမဟုတ်ဘူးလေ... နံနက်စာထက် စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေ့နေတာဆိုတော​့ အဟက်..."

ဟွားရှောင်းဟာ မင်းသမီးလီရင်​၏စကားကို မသိကျွမ်းကျွန်ပြုရင်း ထွက်သွားတော့ မင်းသမီးက ဟွားရှောင်းရဲ့လက်မောင်းက်ုဆွဲလ်ုက်ရင်း တား​၏။

"စတာပါ... အဟီး ဟီး။ အစ်ကိုတော်က သခင်ကြီးရယ် တခြားမျိုးနွယ်စုသခင်တွေနှင့်အတူ တိုင်းပြည်ရေးရာဆွေးနွေးရင်း နံနက်စာသုံးဆောင်နေပါတယ်။
ကျွန်မတို့ကလည်း သီးသန့်သုံးဆောင်ကြတာပေါ့"

ဟွားရှောင်းဟာ မင်းသမီးလီရင်နှင့်ထိပ်တိုက်ရင်မဆိုင်ချင်ဘူး။ အရှင့်ရဲ့ တစ်ဦးတည်းသော သွေးသားအရင်းညီမဖြစ်နေတာကြောင့် ရှောင်ဖယ်လို့လည်းမရပြန်ဘူး။ အဓိကက ထိုက်ဟုတ်နဲ့သူ့ကြားက ပြဿနာကြောင့် မင်းသမီးလီရင်နှင့် မပတ်သတ်ချင်တာဆို ပိုမှန်မယ်။

"မင်းသား၂က ဉာဏ်ရည်အတော်ထက်မြက်တာပဲ။ သုံးနှစ်အရွယ်ဆိုပေမယ့် စကားလုံးတော်တော်များကို မှတ်မိနေပြီနော်... "

လီရင်က မင်းသား၂ရိယွမ်ကို ချီးကျူးတော့ ဟွားရှောင်းက သွားရည်စာမုန့်သုံးဆောင်ရင်း နားထောင်နေတယ်။ လီရင်က ထပ်ပြီး စကားစလာပြန်တယ်။

Hua Xiao{Completed}Where stories live. Discover now