3

3K 405 43
                                    

တံခွန်သည် ဟန်၏ချိန်းဆိုမှုကြောင့် အလုပ်ဆင်းပြီးတာနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကော်ဖီဆိုင်တစ်ခုထဲ ဝင်လာလေသည် ။ ဆိုင်ထဲမှာ လူရှင်းနေလို့ ချောင်ကျကျစားပွဲတစ်ခုမှာ ထိုင်နေတဲ့ ခပ်လုံးလုံးကောင်လေးတစ်ယောက်ကိုမြင်တော့ တန်းတန်းမတ်မတ်ပင် လျှောက်သွားလိုက်သည် ။

" ရာမင်းဟန် ..... မင်းရောက်နေတာ ကြာပြီလား ။ ငါလည်း ရုံးဆင်းတာနဲ့ တန်းလာခဲ့တာပဲ ။ လာခါနီး မင်းရဲ့လူက ငါ့ကို အရက်သွားသောက်မယ်လို့ အတင်းဆွယ်နေလို့ မနည်းဖြတ်ခဲ့ရတယ် ။ ဒါနဲ့ ဘာကိစ္စရှိလို့ ငါ့ကို ခွန်းသရီမသိအောင် ခေါ်ရတာလဲ "

" ကိစ္စရှိလို့ပေါ့ ။ အရင်ဆုံးတစ်ခုခု မှာသောက်လိုက် "

ရာမင်းဟန်သည် Menu စာအုပ်ကို တံခွန်ရှေ့တိုးပေးရင်း ပြောလိုက်၏ ။ တံခွန်က စာအုပ်ကို ဘေးဖယ်ကာ ဟန်ကိုကြည့်လာသည် ။ ရာမင်းဟန်မှာ တစ်ခုခုကို အရေးကြီးပြောလိုဟန်ရှိပြီး ပြောမထွက်သလိုနဲ့ ။

" မင်းမှာ ဘာကိစ္စတွေရှိနေလို့လဲ ။ ငါ့ကို အားမနာဘဲ တိုင်ပင်လို့ရပါတယ် "

" ငါ့မှာ သရီပြီးရင် အရင်းနှီးဆုံးဆိုလို့ မင်းပဲရှိလို့ ငါမင်းကို အကူညီတောင်းလို့ရမလား "

" ငါ ကူညီနိုင်တာရှိရင် ကူညီပေးမှာမလို့ပြောပါ ။ ငါတို့ကြား အားနာနေစရာလိုလို့လား "

အရင်းနှီးဆုံး သူငယ်ချင်းဆိုပေမယ့် ခွန်းသရီနဲ့တံခွန်က ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်နေရတဲ့သူမလို့ အမြဲလိုလိုတွေ့ဖြစ်ပြီး ဟန်နဲ့က အကြောင်းတိုက်ဆိုင်မှတွေ့ဖြစ်သည် ။ ဒါတောင် ဒီတလော သူတို့သုံးယောက် အရင်လိုမဆုံဖြစ်လို့ ဟန်နဲ့က မ‌တွေ့တာကြာပြီဖြစ်လေသည် ။ ဟန် ကော်ဖီတစ်ငုံကိုအရင်သောက်ပြီးနောက် တံခွန်ကို မော့ကြည့်လာသည် ။

" ငါ သင်တန်းတစ်ခုကို upgrade လုပ်ချင်လို့  ။ အဲ့တာ သင်တန်းကြေးသွင်းဖို့ ငွေလိုနေလို့ ။ မင်းဆီက အကူညီနည်းနည်းတောင်းချင်လို့ပါ ။ မင်း အဆင်ပြေရင် ငါ့ကို ဒေါ်လာငါးထောင် ခဏချေးပါလား ။ လပိုင်းအတွင်း ငါသေချာပေါက် ပြန်ဆပ်ပါ့မယ် ။ ငါ့အဖေကိုလည်း မတောင်းချင်ဘူး ၊ နဂိုတည်းကသူမကြိုက်တာလုပ်လို့ အမြင်မကြည်တဲ့အထဲ ငါသာအကူအညီတောင်းလိုက်ရင် ငါ့ကိုဒုက္ခရောက်မှ ပြန်လာတယ်ထင်မှာစိုးလို့ "

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now