4

2.7K 382 48
                                    

ဟန်သည် သင်တန်းကအပြန် အိမ်ပြန်ချင်စိတ်မရှိသေးတာနဲ့ သင်တန်းကနေ ရောက်တတ်ရာရာ လမ်းလျှောက်လာလိုက်သည် ။

သရီပြောင်းလဲသွားပြီ ။ သရီသူ့ကိုမချစ်တော့ဘူး ။ သူဘာဆက်လုပ်ရင်ကောင်းမလဲ ။ ချန်ထားလို့ ကျန်ရစ်ခဲ့ရတဲ့ဘမှာတော့ မနေချင်ဘူး ။ သူကပဲ အရင်ထွက်သွားရင်ကောင်းမလား ။

အတွေးတွေက ယောက်ယှက်ခတ်နေတုန်း သူ့အနားအရှိန်နဲ့ဖြတ်လာသည့် စကူတာတစ်စီးကြောင့် ရှောင်လိုက်ရာမှ ဟန်ချက်ပြတ်သွားပြီး အနောက်ကို လှန်ကျလုနီးနီးဖြစ်သွားသည် ။ ဆိုင်ကယ်သမားကလည်း အလျှင်လိုနေပုံရသောကြောင့် ကျိန်ဆဲမည်ဟုကြံရာမှ ဒီအတိုင်းထားလိုက်သည် ။ ထို့နောက်မှ သူရောက်နေသည့် ပတ်ဝန်းကျင်ကို သတိရသွားကာ အခုမှ သူ လမ်းမှားသွားတာကို သတိရမိတော့သည် ။

" ကျစ် ..... ငါလည်း စိတ်နဲ့လူ မကပ်တော့ဘူးထင်တယ်။ "

ဟန် သူ့ကိုယ်သူပြန်ပြောရင်း လာရာလမ်းကိုပြန်လှည့်မည်လုပ်တော့ ခပ်လှမ်းလှမ်းကနေ သူရင်းနှီးနေသည့် မြင်ကွင်းတစ်ခုကြောင့် သူ့ခြေလှမ်းတွေ တုံ့ဆိုင်းသွားသည် ။

" သရီ ....... "

ဟုတ်ပါတယ် ......... သရီမှ သရီအစစ် ။

Suit နဲ့မဟုတ်ဘဲ ကုမ္ပဏီဝတ်စုံကြီးနဲ့ သရီသည် ပစ္စည်းဖာတစ်ချို့ကို ကားပေါ်ကနေ သယ်ထမ်းလာသည်ကို မြင်လိုက်ရတော့ သူအမြင်များမှားသလား သေချာပြန်ကြည့်နေရသည် ။

သရီက ဘယ်လိုဖြစ်ပြီး ဒီဝတ်စုံနဲ့ ။ နေပါဦး ....... သရီရဲ့အလုပ်က ဒီအပိုင်း မဟုတ်ဘူးမလား ။

ဟန် အကွယ်တစ်ခုကနေပုန်းပြီး ခပ်လှမ်းလှမ်းကနေကြည့်နေလိုက်သည် ။ သရီသည် ပစ္စည်းတွေကို တခြားဝန်ထမ်းတွေနဲ့အတူ ထမ်းရင်း ဆိုင်ထဲပို့ပေးနေလေသည် ။ ပစ္စည်းတွေကို ခေါက်တုန့်ခေါက်ပြန်ထမ်းပြီးနောက် သူအပါအဝင် အလုပ်သမား နှစ်ဦးသည် ခေတ္တနားပြီး အအေးဘူးကိုဖောက်သောက်နေကြသည် ။ သူတို့ရယ်မောနေကြသော်လည်း ဘယ်လောက်တောင် ပင်ပန်းနေလဲဆိုတာ ဟန်နားလည်မိသလိုပင် ။

ပြီးတာနဲ့ သူတို့အားလုံးကားပေါ်ပြန်တက်သွားကြသည် ။ သူတို့ကားလေး ထွက်သွားတာကိုမြင်မှ ဟန် ပုန်းနေရာမှ ထွက်လာပြီး ထိုနေရာမှာအကြာကြီး ရပ်နေမိသည် ။

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now