10

2.7K 353 70
                                    


ဟန်သည် ဝယ်လာတဲ့ စတော်ဘယ်ရီရေခဲမုန့်ကို အရသာခံစားရင်း ကျောင်းဝန်းထဲက ခုံတန်းလေးပေါ်မှာ တစ်ယောက်တည်း ထိုင်နေလေသည် ။ ထိုစဉ် သရီက သူ့ရဲ့စက်ဘီးကို ဟန် ရှေ့မှာပင်ထိုးရပ်ကာ ဆင်းလာပြီး အနားလာထိုင်သည် ။

" ငါ့ကိုလည်းကျွေးဦး ။"

ပြောပြောဆိုဆို ဟန် လက်ထဲက ရေခဲမုန့်ကိုယူကာ တစ်ကိုက်လျှက်စားလိုက်တော့ ဟန်သည်မျက်မှောင်ကြုပ်လျှက် သရီကိုကြည့်လာသည် ။

" ဒါက ငါစားနေတဲ့ဟာလေ ။ မရွံဘူးလား "

" ရွံစရာလား ... မင်း ပါးစပ်ထဲက ဟာတောင် ငါစားဖူးတယ် ။ ဒီလိုနည်းနဲ့လေ "

သရီ သူ့ရဲ့နူတ်ခမ်းကို စုချွန်ကာလျှက်သပ်ပြီး ဟန်လုပ်ပြတော့ ဟန် မေးရိုးပြုတ်ကျသွားသလို ဆွံ့အသွားသည် ။ သရီက သူ့ကိုမချစ်တော့ဘူးလို့ပြောပေမယ့် တစ်ခါတလေ အနှောက်သွားမလွှတ်တဲ့စကားတွေကို အရမ်းပြောသူဖြစ်သည် ။

" ဘယ်လိုတွေ လုပ်ပြနေတာလဲ ခွန်းသရီရာ ။ သူများကြားရင် မင်းနဲ့ငါ့ကို ချစ်သူဖြစ်ခဲ့တယ်ထင်ဦးမယ် "

" အဲ့ထက်တောင် ပိုခဲ့ဖူးတယ်ဆိုရင်ကော "

သရီသည် ဟန်ကို မျက်စိမှိတ်ပြပြီး တမင်ကျီစယ်ကာနေလိုက်သည် ။ နှစ်ယောက်သား အရမ်းကြီး မနီးကပ်ပေမယ့် သရီရဲ့ မျက်နှာက သူနဲ့တော်တော်လေးကို နီးကပ်နေသည် ။

ဟန်သည် သရီရဲ့မျက်နှာကို လက်နဲ့တွန်းထုတ်ရင်း စိတ်မပါ့တပါ ရယ်လိုက်သည် ။

" ဟဟဟ ... ပြောတတ်တယ်နော် ။ မင်း ဝတ္ထုရေးစားပါလား ။ သေချာပေါက် Best Seller ဖြစ်မှာ သေချာတယ် "

" မယုံဘူးလား ... ငါ မင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြရမလား ။ တကယ်တော့လေ ငါက အနာဂတ်ကနေ လာခဲ့တာ သိလား .. "

" ဟုတ်လား .... အနာဂတ်မှာ ငါကအရမ်းကိုအောင်မြင်နေတဲ့ ဒီဇိုင်းနာတစ်ယောက်ဖြစ်ပြီး မင်းက ငါ့ရဲ့အလုပ်သမားဖြစ်နေတယ် .. ဟုတ် "

ဟန်က သရီသူ့ကို နောက်သည်အထင်နဲ့ ပြန်နောက်လိုက်ခြင်းဖြစ်သည် ။ သရီသည် ညစ်ကျယ်ကျယ်ပြုံးရင်း သူစားလက်စ ရေခဲမုန့်ကို အရသာခံစားကာ သူ့ရဲ့အေးစက်စက်လက်နဲ့ ဟန်ရဲ့ လက်ချောင်းကိုဆွဲယူပြီး အနီးကပ်ပြောလိုက်သည် ။

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now