24

1.7K 231 20
                                    

နောက်တစ်နေ့မနက်တွင် ကုမ္ပဏီဝန်ထမ်းများကြား အတင်းပြောနေကြသော ကိစ္စတစ်ခုရှိလာသည် ။ ဒါက သူတို့ကုမ္ပဏီတွင်ရောက်တာမကြာသေးသော နာမည်ကြီးဒီဇိုင်းနာတစ်ယောက် လှေနံနှစ်ဖက်နင်းနေသည်ဆိုသောကိစ္စနှင့် မန်နေဂျာနှင့်ပါ မကင်းမရှင်းဖြစ်နေသည်ဆိုသော ကိစ္စပင် ။

" ကြားပြီးပြီလား ... မိုးလင်းကတည်းက အဲ့ကိစ္စက group chat ထဲ ပြန့်နေတာ "

" အင်း ... သူကမထင်ရဘူးနော် ။ ရုပ်လေးကအပြစ်ကင်းသလိုနဲ့ တကယ်ကြီးလှေနံနှစ်ဖက်နင်းရုံမက မန်နေဂျာနဲ့ပါ မကင်းမရှင်းဖြစ်နေတာ "

ဓာတ်လှေကားက မည်မျှမှမကျယ်ဝန်းတာကြောင့် သူတို့၏တီးတိုးစကားများကို ဘေးလူကအသာလေးကြားနိုင်သည် ။ မည်သူမည်ဝါပါဆိုပြီး နာမည်မတပ်ထားပေမယ့် အားလုံးနီးပါးက သိပြီးသားကိစ္စလိုပင် ။

" သူဌေးနဲ့တင် လုံလောက်နေပြီကို သူ့ကိုယ်သူဘာထင်လို့ တေဇာမိုးမြေကိုပါ ထိရဲတာလဲ မသိဘူး ၊ ငါကြားတာကတော့ သူကဒေါသလည်းကြီးတယ်တဲ့ ၊ သူဌေးရဲ့ညီမပါမလွှတ်ဘူး အငေါက်ခံရတယ်လို့ပြောတယ် ။ အင်းပေါ့ ... အဲ့လောက်ပိုင်နေလို့ပဲ လုပ်ရဲတာပေါ့ "

ထိုအမျိုးသမီးက မကျေမနပ်နှင့်ဆိုတော့ သူ့ဘေးကအမျိုးသမီးက တံတောင်နှင့်တွတ်လိုက်လေသည် ။

" တော်တော့ .... သူများကြားဦးမယ် "

" ကုမ္ပဏီတစ်ခုလုံးက သိနေတဲ့ကိစ္စကို ဘာကြောက်နေသေးတာလဲ "

ထိုအာဂအမျိုးသမီးကတော့ အငြိုးနဲ့ကို ပြောနေပုံရသည် ။ ဖြစ်နိုင်တာက ရည်းစားလုဖက်အကြောင်းကို ပယ်ပယ်နှယ်နှယ်ပြစ်တင်ပြောဆိုချင်သည့်နှယ်ပင် ။

တခဏအကြာတော့ ဓာတ်လှေကားတံခါးက ပွင့်လာပြီး အထဲကလူအုပ်သည်လည်း အသီးသီးထွက်သွားကြလေသည်။ မထွက်သွားဘဲ ကျန်နေသေးသူတစ်ဦးကတော့ ဓာတ်လှေကားကိုတခြားအထပ်ပြန်နှိပ်ရင်း တပ်လာသည့် နှာခေါင်းစည်း mask ကိုဖြုတ်လိုက်သည် ။ နေမကောင်းချင်သလိုခံစားနေရလို့ mask တပ်လာမိတာ သူ့အရှက်သူကာကွယ်မိသွားသလိုပင် ။ မဟုတ်ရင် သူ့မျက်နှာကိုသူ ဘယ်နားထားရမှန်းသိမှာမဟုတ် ။

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now