31

1.8K 217 36
                                    

မျက်လုံးနှစ်လုံးကိုဖွင့်လိုက်သည့်အချိန်တွင် သူ့ကိုကျောပေးကာ ခုတင်စွန်းတွင်ထိုင်နေသော ဟန်၏နောက်ကျောကိုမြင်လိုက်ရသည် ။ အပေါ်ပိုင်းဗလာဖြစ်နေသဖြင့် ဟန်၏ကျောပြင်ဖြူဖြူသည် သူမှတ်မိနေသောမှတ်ဉာဏ်ထဲကထက် ပို၍ဆွဲဆောင်မှုရှိ၏ ။ သူနိုးလာတာကိုမသိသေးသောဟန်က အကြောတစ်ချက်ဆန့်လိုက်ပြီး ခုတင်ပေါ်မှထဖို့ရာပြင်သဖြင့် သူကချက်ချင်းပင် ဟန်ကိုခါးကနေပွေ့ဖက်ပြီး သူနှင့်အတူအိပ်ယာထဲသို့ ပြန်ဆွဲသွင်းလိုက်သည် ။

" ကိုယ့်ယောကျာ်းကိုတောင်မစောင့်ဘဲ ထနှင့်တယ်ပေါ့ "

သူ့လက်မောင်းထဲသို့ဆွဲသွင်းခံရသောဟန်က သူ့အားမျက်လုံးအပြူးသားနှင့်ကြည့်လာကာ မျက်နှာကိုတို့ထိလာသည် ။

" ငါ့ကြောင့်နိုးသွားတာလား ။ ပင်ပန်းနေသေးရင်ဆက်အိပ်လေ ။ ငါမင်းအတွက်မနက်စာပြင်ပေးမလို့ "

" ငါ့အတွက်မနက်စာက မင်းရှိနေတာပဲ ၊ တခြားလိုသေးလို့လား "

" အဲ့လိုကလေးကလားစကားတွေ ဘယ်ကတတ်လာတာလဲ "

" ဒါကရင်တွင်းဖြစ်ပါနော် "

ပြောပြောဆိုဆို သရီကဟန်၏နဖူးပြင်ပေါ်အနမ်းကြီးကြီးတစ်ပွင့်ကို ခြွေချလိုက်သည် ။ ထို့နောက်နူတ်ခမ်းကိုပါ အကြိမ်ပေါင်းများစွာ နမ်းရှိုက်လိုက်လေ၏ ။

" သ... သရီ .. ခဏလေး ၊ ငါမင်းကိုနောက်နေတာမဟုတ်ဘူး ငါတို့အတွက်မနက်စာကိုပြင်ရဦးမယ်လေ ... တော်ပါတော့ "

" မင်းကငါ့ရဲ့မနက်စာပါဆို ၊ ငါမင်းကိုခုလိုလေးမထိတွေ့ရတာဘယ်လောက်တောင် ကြာသွားပြီလဲ ။ ငါတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြပါလျှက်နဲ့ နားလည်မှုတွေမရှိကြခဲ့လို့ တစ်အိမ်တည်းနေပြီး သူစိမ်းတွေဖြစ်ခဲ့ကြတာကိုပြန်တွေးမိရင် နောင်တရလွန်းလို့ အခုငါမင်းကိုနည်းနည်းလေးတောင် လက်မလွှတ်လိုက်ချင်ဘူး "

သူ့ကိုတင်းကျပ်စွာပွေ့ဖက်ထားပြီး မျက်နှာတပြင်လုံးကို အငမ်းမရနမ်းရှိုက်နေသောသရီကြောင့် ဟန်ကစိတ်လှုပ်ရှားရသလို ပျော်လည်းပျော်မိသည် ။ သရီကမနက်စာမစားတော့ဘူးလို့များဆုံးဖြတ်ထားသလားမသိ သူ့ခန္ဓာကိုယ်ကိုပါနေရာလပ်မကျန်နမ်းရှိုက်လာသဖြင့် ထိုနေ့မနက်ဟန်တစ်ယောက် သူပါမနက်စာလွှတ်သွားလေသည် ။ ဒီနေ့ကုမ္ပဏီကိုသွားလို့ကောအဆင်ပြေပါ့မလားဟု တဆက်တည်းတွေးမိသွားကာ တွေဝေသွားရပြန်သည် ။

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now