18

1.9K 248 54
                                    

ဒင်း... ဒင်း ...

တံခါး bell သံကြောင့်ဟန်သည် အိပ်မှုံစုံမွှားဖြင့်နိုးလာလေသည်။ မနေ့ညကတော်တော်နဲ့အိပ်မပျော်နိုင်တာကြောင့် မနက်မိုးလင်းခါနီးထိ အလုပ်လုပ်နေခဲ့၍ သူ၏ခေါင်းကမူးနောက်နေခဲ့လေ၏ ။ လက်ထဲကနာရီကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ကိုယ်ပေါ်တွင်ကပ်နေသည့်စောင်ကိုဖယ်ကာ လေးလံသောခြေလှမ်းများဖြင့် အပြင်ဖက်တံခါးဆီသို့ လျှောက်လာလိုက်သည် ။ တံခါးကိုဖွင့်ကြည့်လိုက်တော့ လက်ထဲတွင်အထုပ်တွေနှင့်ရပ်နေသည့် နေဒွန်းကိုတွေ့လိုက်ရ၏ ။

" စောစောစီးစီးပါလား ... "

" မင်းအခုချိန်ထိအိပ်နေမယ်ဆိုတာ ကိုယ်သိနေလို့ မင်းအတွက်မနက်စာဝယ်ပြီး လာခဲ့တာ ။ မျက်နှာသစ်ပြီးရင် မီးဖိုခန်းထဲလာခဲ့ ကိုယ်မင်းအတွက် မနက်စာပြင်ထားပေးမယ် "

နေဒွန်းက သူ့ရဲ့အိမ်ကဲ့သို့ပင်သဘောထားသလားမသိ ဟန်၏ခွင့်ပြုချက်ပင်မတောင်းဘဲ မီးဖိုထဲသို့ဝင်သွားလေ၏ ။ ဟန်ကသူ၏ပွယောင်းယောင်းဆံပင်ကို တစ်ချက်ဖွကာ ရေချိုးခန်းထဲသို့ ပြန်ဝင်သွားသည် ။ မိနစ်အတန်ကြာတော့ ရေချိုးပြီး အဝတ်စားလဲကာ တခါတည်းထွက်လာခဲ့လေသည် ။ မီးဖိုခန်းထဲတွင် စားသောက်စရာများကို အသင့်ပြင်ကာ စောင့်နေသောနေဒွန်းကိုမြင်လျင် မောနင်းဟုနူတ်ဆက်ပြီး သူ့ရှေ့ဝင်ထိုင်လိုက်သည် ။

" ကျွန်တော်လိုချင်နေတဲ့ချည်ထည်က ပစ္စည်းပြတ်နေတယ်လို့ပြောလာတယ် ။ ကြိုတင်မှာယူရင်တောင် အနည်းဆုံး ၂ လကြာနိုင်တယ်တဲ့ ။ ကျွန်တော်တို့ဆီကလက်ကျန်ကလည်း မလုံလောက်ဘူးဖြစ်နေတယ် ။ ဒါကြောင့်ချည်စက်ရုံရှိတဲ့နေရာထိသွားပြီး သူတို့နဲ့ညှိနှိုင်းပြီး သတ်မှတ်ရက်အတွင်း လိုအပ်တဲ့ချည်ထည်ကို သွင်းခိုင်းရင်အဆင်ပြေလားမသိဘူးနော် "

မိုးလင်းတာနဲ့သူ့ဦးနှောက်ထဲအလုပ်အကြောင်းကိုအရင်စတွေးဖြစ်တာကြောင့် နေဒွန်းကဟန်ကို သဘောကျစွာကြည့်ရင်း ခပ်ဖွဖွရယ်လေ၏ ။ ထို့နောက်သူသည်ကော်ဖီတစ်ခွက်ကို ဟန်အတွက်ထည့်ပေးပြီးနောက် သူ့ရှေ့ညင်သာစွာပြုံးလိုက်သည်။

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now