12

2.3K 363 98
                                    

သုံးလဆိုတဲ့အချိန်ကာလတစ်ခုဟာ မျက်စိတမှိတ်အတွင်းမှာပင် ကုန်ဆုံးသွားလေ၏ ။ သူဟာ W One မှာ အချိန်ပိုင်းအလုပ်လုပ်ရင်း သူဌေးရဲ့မျက်စိကျတာကို ခံရတာကြောင့် W One က ရွေးချယ်တဲ့ ပညာတော်သင်ဆုရတဲ့ ကျောင်းသားတစ်ဦးဖြစ်လာခဲ့သည် ။ မကြာခင်မှာ အကောင်းဆုံးစီးပွားရေးတက္ကသိုလ်တစ်ခုမှာ တက်ခွင့်ရတော့မှာဖြစ်ပြီး ကျောင်းပြီးရင်လည်း အလုပ်တန်းရမှာမလို့ သူ့ကိုယ်သူအခုမှ လူမှန်နေရာမှန် ရောက်သွားသလို ခံစားလိုက်ရသည် ။

သူပညာတော်သင်ဆုရတဲ့အကြောင်းကို ဟန်ကိုပြောပြချင်စိတ်ပြင်းပြတာကြောင့် မေ့တေ့တေ့ဖြစ်နေသည့် ဟန်ရဲ့နံပါတ်ကို ပြန်ရှာရင်းဖုန်းခေါ်လိုက်သည် ။

" လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင် "

စက်ပိတ်ထားတယ်တဲ့ ။ တံခွန်ဆီ ဆက်ကြည့်ဦးမှပါဟုတွေးပြီး တံခွန်ရဲ့ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည် ။

Ringing ...

" Hello.... "

တံခွန်ကဖုန်းကို ချက်ချင်းကိုင်လိုက်တာကြောင့် သရီ ဝမ်းသာအားရဖြစ်သွားလေ၏ ။

" တံခွန် ... ငါ ခွန်းသရီပါ ။ မင်းတို့အခုဘယ်မှာလဲ ငါမင်းကိုပြောစရာရှိလို့ "

" အော် ... မင်းလား ။ ပြောစရာရှိတာကို ဒီမှာပဲပြောလိုက် "

တံခွန်ရဲ့အသံက အေးစက်စက်နဲ့ နွေးထွေးမှုမရှိတာကြောင့် သူ့ကိုစိတ်ဆိုးနေသည်ဟုထင်ပြီး ဖုန်းပြောနေရင်းနှင့်ပင် သရီရယ်လိုက်သည် ။

" ငါ ဒီကာလအတွင်း မင်းတို့ကိုလာမတွေ့နိုင်ခဲ့တာ ငါ့ကိုခွင့်လွှတ်ပါကွာ ။ ငါရဲ့ဘဝနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်ကြောင့်မလို့ မင်းတို့ကိုဆက်သွယ်ဖို့ မအားဖြစ်သွားတာ ။ မင်းသိလား .... ငါဘာကို ရအောင်လုပ်နိုင်ခဲ့လဲဆိုတာ "

" ပြောပါ ... စကားပလ္လင်ခံမနေနဲ့ "

" မင်းကလည်းကွာ .... ထားပါတော့ ။ ငါအခု W One ရဲ့ ပညာသင်ဆုကို ရခဲ့တာကွ ။ Full Scholarship ကွ မင်းသိရဲ့လား "

" အင်း ... မင်းအတွက် ဂုဏ်ယူပါတယ် ။ ဒါပဲမဟုတ်လား ငါဖုန်းချလိုက်တော့မယ် "

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now