27

1.7K 224 29
                                    

" ကျောင်းကမင်းရဲ့အိမ်နဲ့နီးတယ်မဟုတ်လား" ဆိုသည့်သရီ၏စကားကြောင့် ဟန်တို့နှစ်ဦး ထိုညက ဖေဖေရှိသည့်အိမ်သို့ တစ်ခါတည်းဝင်လာကြသည် ။ သူတို့ရောက်လာတော့ ဖေဖေက စကားထွက်ပြောပြီး နှစ်ဦးလုံးကို အကဲခတ်ကြည့်လေသည် ။

" ခွန်းသရီက အခုဦးလေးသားနဲ့ ချစ်သူဖြစ်နေကြပြီလား "

" ဟုတ် .... ကျွန်တော်တို့နှစ်ယောက် တွဲနေကြပါပြီ "

" ဒီတစ်ခေါရော အတည်လား .. . "

" ခင်ဗျာ ... အာ .. ဟုတ် အတည်ပါ "

ဟန့်အဖေဆီကအရိုက်မခံရခင် သရီကခပ်မြန်မြန်ချေပရင်း လူကြီးရှေ့ရိုကျိုးစွာ ထိုင်နေလိုက်သည် ။ ဟန့်အဖေကသူ့ကိုမျက်စောင်းတစ်ချက်ထိုးပြီး ရေနွေးခွက်ကိုယူကာ မော့သောက်လိုက်သည် ။

" မင်း သူ့ကိုနောက်ထပ်မျက်ရည်ကျရအောင်ထပ်လုပ်ရင် ငါမင်းကိုငါ့အိမ်လာခွင့် ဘယ်တော့မှပေးတော့မှာမဟုတ်ဘူး။ မင်းကိုလည်းငါ့သားနဲ့ အမြဲတမ်း ကန့်ကွက်နေမှာ "

" နောက်မလုပ်တော့ပါဘူး ခင်ဗျ ။ ကျွန်တော်သူ့ကိုတကယ်ချစ်တာပါ "

ဦးလေးရဲ့သားကသာ လှေနှံနှစ်ဖက်နှင်းပြီး ကျွန်တော့်ကိုမျက်ရည်ကျအောင်လုပ်မယ့်သူပါလို့ ပြောလိုက်ချင်ပေမယ့် ပါးစပ်ကိုထိန်းနေရသည် ။ မတော်လို့သားအဖနှစ်ယောက်လုံးဆီက အရိုက်ခံရရင် လွယ်မည်မထင် ။

ဟန်ကတော့ ဘေးကနေအလိုက်သင့်သာပြောပြီး ပြုံးနေလေ၏ ။

" ဖေဖေ .. ဒါဆိုလည်း ကျွန်တော်တို့ပြန်လိုက်ဦးမယ် ။ နောက်မှတစ်ခေါက်လာလည်ပါ့မယ် "

" ရောက်တုန်းရောက်ခိုက် ဒီမှာအိပ်သွားကြ "

ဖခင်ထံမှအမိန့်ပေးစကားသည် ထပြန်ဖို့ဖင်ကြွနေသော နှစ်ဦးလုံးကိုဟန့်လိုက်သလိုပင် ။ ဟန်ကသရီကို အားနာသဖြင့် ချက်ချင်းငြင်းဆန်လိုက်သည် ။

" ဖေဖေ ...... သူကအလုပ်များတဲ့သူမလို့ ကျွန်တော်တို့ပြန်မှဖြစ် ... "

" ဘယ်လောက်တောင်အလုပ်များလို့ လူကြီးကတောင်းဆိုတာကို မလုပ်နိုင်တာလဲ "

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now