𝐎𝐧𝐞

1K 95 10
                                    

"1970ခုနှစ်"
တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားဟူ၍ကွဲပြားနေသောကာလ....။
•❄︎•❄︎•❄︎•

ကိုရီးယားနိုင်ငံ၏ဆောင်းကား ဆောင်းဦးမှာပင်ကမ်းကုန်အောင်အေးလိုက်သည့်ဖြစ်ချင်း။သို့သော်နိုင်ငံ၏အခြေအနေအရအပူလောင်ဆုံးအဆင့်သို့ဦးတည်နေသည်။

1970ခုနှစ်သည်ကိုရီးယားပြည်သူတို့အဖို့အလှုပ်ခက်ဆုံးနှစ်တစ်ခု...။ပြည်တွင်းစစ်ကြီးသည်အချင်းချင်းပြိုင်ဆိုင်မှုကြောင့်တောမီးပမာတစ်စတစ်စပြန့်နှံ့လာခဲ့သည်။တောင်နှင့်မြောက်သည်လည်းအချင်းချင်းဗုံးများအဆက်မပြတ်ကြဲခဲ့ကြသည်။

ထိုကြောင့် ကြားရှိရွာများမှာမူနလန်မထူနိုင်လောက်အောင်ပင်ပျက်စီးယိုယွင်းနေရသည်။ဗုံးထိ၍အိုးအိမ်မဲ့သူကမဲ့၊သေကျေသောသူများကအတုံးအရုံးနှင့်ရွာပျက်ကြီးများသဖွယ်ပင်။ပညာရေး၊စီးပွားရေး၊ကျန်းမာရေးတို့တွင်လည်းအဘက်ဘက်မှချို့တဲ့လျက်ဖြင့်အဆိုးရွားဆုံးကာလအပိုင်းအခြားသို့ရောက်ခဲ့သည်။

"1970ခုနှစ်...နို၀င်ဘာ27ရက်"

"ဆရာလေးရေ စာလာတယ်"

အိမ်ရှေ့မှစာပို့ဦးလေးကြီး၏အော်သံကြောင့်ကျောင်းဆရာလေးဆော့ဂျင်မှာအပြေးတစ်ပိုင်းထွက်လာသည်။စာအိတ်အားဖွင့်ဖောက်ကြည့်မိတော့ရင်ထဲတွင်လှိုက်ကနဲ...။သူနယ်သို့ဆင်းပြီးစာသွားသင်ရမည်တဲ့။နယ်ဆိုသည်ထက် ရွာလေးတစ်ရွာ။သူတစ်ခါမှတောင်မကြားဖူး၊မသိဖူးသည့် ခေါင်ပါးလှသည့်ရွာငယ်လေးပင်။

"အို... မသွားရပါဘူးသားရယ် မေမေ
စိတ်မချပါဘူး"

မေမေကခေါင်းကိုတွင်တွင်ခါကာ အကြောက်အကန်ငြင်းသည်။

"မေမေကလည်းဗျာ စာတောင်ကျနေပြီပဲဟာ သားသွားမှဖြစ်မှာပေါ့"

ဆိုလ်းမြို့အလယ်ရှိကျောင်းဆရာလေးကင်ဆော့ဂျင်၏အိမ်တွင်လည်းစကားစစ်ပွဲအလားတစ်စတစ်စနှင့်ပြန့်လွှင့်နေသည်။

"မသွားရဘူးဆို မသွားရဘူးပဲနော် ကင်ဆော့ဂျင်ဒီလောက်စစ်ဖြစ်နေတဲ့နေရာကို မေမေကမေမေ့သားကိုသွားခွင့်မပြုနိုင်ပါဘူး မေ့သားလေးတစ်ခုခုဖြစ်မှမေမေရင်ကျိုးရချည်ရဲ့သားရယ် မသွားပါနဲ့နော် သားနော်"

𝗗𝗜𝗦𝗧𝗔𝗡𝗖𝗘Där berättelser lever. Upptäck nu