𝐒𝐞𝐯𝐞𝐧

462 75 8
                                    

"ကယ်....ရောက်ပြီဗျာ!"

ဂျောင်ကု၏ရောက်ပြီဆိုသော အသံကြားမှဆော့ဂျင်တို့"ဟင်း"လုံးလုံးချနိုင်တော့သည်။သို့ပေမယ့်ရင်တုန်နေသည့်အရှိန်တော့မ​ပျောက်သွားသေး။

ရင်ဘတ်လေးအား အသာဖိ၍သာ စိတ်အမောကောလူအမောပါတစ်ခါတည်းရောဖြေရသည်။

နှလုံးရောဂါရှိတဲ့သူဆို အသက်​ပျောက်သွားနိုင်တဲ့အထိ ဒီလူ၏စက်ဘီးမောင်းသည့်အရှိန်ဟာသိပ်ပြင်းပါ၏။

ဟူးးးကင်မ်ဆော့ဂျင်တို့ဘ၀ကမလွယ်ပါလား။ဒီမှာလာပြီးတောင်၀ဋ်ဒုက္ခတွေခံရတယ်လို့။အရင်ဘ၀ကဒီစစ်ဗိုလ်ကိုငါဘာတွေများလုပ်ထားခဲ့လို့အခုလိုပြန်ခံနေရပါ
လိမ့်.....။

ရင်ဘတ်အားဖိထားကာ ဖြစ်သမျှအကြောင်းအဆိုးနှင့်အကောင်းဟုတွေးတောရင်း ကိုယ့်စိတ်ကိုယ်အေးချမ်းအောင်လုပ်ယူရသည်။

အရှေ့မှရင်ဘတ်အားဖိကာ အမောဖြေနေသည့်ဆော့ဂျင်အားဂျောင်ကုမကြည့်ရက်နိုင်ပါ။စားဖိုဆောင်ထဲမှရေတစ်ခွက်အားအပြေးသွားယူကာ ဆော့ဂျင်လက်ထဲကမ်းပေးလိုက်သည်။

ဆော့ဂျင်ကလည်းသူကမ်းပေးလာသော ရေခွက်ကို အလျင်းပင်ဆွဲယူကာတစ်ကျိုက်ထဲမော့သောက်ပစ်သည်။

ထိုသို့မြင်တွေ့နေရတော့ ဂျောင်ကုမျက်နှာလေးညိုးသွားသည်။တကယ်ဆို သူ့ကျောင်းဆရာလေးဒီလိုဖြစ်တာသူ့ကြောင့်ပင်။

ဆရာလေးကိုစချင်သည့်စိတ်နှင့်ရော ကိုယ့်ခါးကိုဖက်လိုဖက်ညားဆိုသည့်စိတ်နှင့်ပါ စက်ဘီးကိုအရှိန်တင်လိုက်ပေမယ့် ယခုတော့ ဆရာလေးအမောဆို့နေတာပင်အဖတ်တင်သည်။

ဂျွန်ဂျောင်ကုတို့အသုံးမကျချက်ကတော့ကိုယ့်ကိုယ်ကိုယ်သာထုရိုက်ပစ်ချင်မိပါ၏။ဘယ်နဲ့ဗျာ....။ကျွန်တော့်ဆရာလေးမောနေတာ ပုံမှန်အသက်ရှူသံထက်နှစ်ဆလောက်ပြင်းနေသည်။ နှုတ်ခေါင်းနဲ့အသက်ရှူတာအားမရ၍ ပါးစပ်ကိုအသုံးပြုရသည်ထိရှူးရှူးရှဲရှဲဖြစ်နေရှာသည်။

ကျွန်တော့်အပြစ်ပါ...။
ကျွန်တော်အသုံးမကျခြင်းသာဖြစ်ပါ၏။

အမောဆို့ကာရင်တုန်နေတုန်း မျက်နှာရူးစစ်ဗိုလ်၏ခပ်ပေးလာသည့်ရေအေးတစ်ခွက်ကြောင့် မောဟိုက်နေသည့်အရှိန်ကတစ်၀က်လောက်သက်သာသွားသည်။
ဒီလိုကျတော့လည်းဒီလူက စာနာတတ်သားပဲ။တစ်ဖက်သားအပေါ်ဒီလိုစာနာစိတ်ကလေး နဲနဲလောက်မွေးစမ်းပါဟု ကလေးတွေလိုရိုက်နှက်ပြီးဆုံးမပစ်ချင်သည်။

𝗗𝗜𝗦𝗧𝗔𝗡𝗖𝗘Where stories live. Discover now