𝐄𝐢𝐠𝐡𝐭

434 69 9
                                    

ပြတင်းပေါက်တံခါးများကိုအလုံပိတ်ထားသော်လည်း ပျဥ်ထောင်အပေါက် သေးသေးကလေးများကြားထဲ၏မနက်ခင်းနေရောင် ပျိုးပျိုးပြောက်ပြောက်က ဆရာလေးမျက်နှာပေါ်တွင်ထင်ဟပ်နေသည်။
                          •☼︎•☼︎•☼︎•

တိတ်ဆိတ်နေသောအခန်းကျဥ်းကလေးထဲမှ ဆော့ဂျင်ထနိုးလာခဲ့သည်။ပျဥ်ထောင်ပေါက်ကြားထဲမှနေရောင်စူးစူးတို့၏အလင်းရောင်ကြောင့်မိုးလင်းပြီဆိုတာသိလိုက်သလို ဒီမနက်ဟာတခြားနေ့တွေနဲ့မတူဘူးဆိုတာကိုပါတစ်ဆက်တည်းသတိထားမိသည်။

ထူးခြားတာကတော့ တခြားမဟုတ်... ရွာထဲကအိမ်ကလေးတွင်နိုးလာခြင်းမဟုတ်ပဲ မြောက်ပိုင်းတပ်ထဲ၏ပျဥ်ထောင်အိမ်ကလေးတွင်နိုးထလာခြင်းပင်။နိုးနိုးခြင်း စိမ်းသက်နေသည့်နေရာ ကြောင့်ခဏတာ အံ့သြမိပေမယ့် ပြီးမှသူ သတိပြန်ကပ်သွားသည်။
သူ့အသိတွေက ရွာကိုခဏရောက်သွားတာပဲ...။

ဘေးနာရှိပြူတင်းပေါက်လေးအား အသာဆွဲဖွင့်ကာ ပြင်းကြောအရှည်ကြီးကိုဆော့ဂျင်ဆန့်ပစ်လိုက်သည်။ထို့နောက်ပြူတင်းပေါက်ဘောင်သို့မေးတင်ကာ မနက်ခင်း၏ပတ်၀န်းကျင်အားငေးမောကြည့်သည်။

ဆောင်းလေ၏အအေးဓာတ်ပါသော မနက်ခင်းလေအေးလေးတိုက်ခက်လာသည့်အခါဆော့ဂျင်စိတ်ထဲလန်းဆန်းသွားသည်။

စိတ်ထဲကိုလတ်ဆတ်မှုအပြည့်ကတိုး၀င်လာသလိုကြည်လင်သွားပါ၏။

နှင်းရေကိုအ၀သုံးဆောင်ထားသည့်  အိမ်ရှေ့ရှိပင်ပျိုငယ်လေးများက ရေသီးလေးများတွဲခိုကာ အစွမ်းကုန်ပွင့်လန်းနေကြသည်။ငှက်ငယ်များ၏ တီတီတာတာ မနက်ခင်းအိပ်တန်းထသံသည်လည်းမနက်ခင်း၏သဘာ၀အလှကိုပိုမိုအားဖြည့်ပေး
သယောင်....။

မြင်မြင်သမျှ....သဘာ၀၏အလှများပင်။

မနက်ခင်း၏လေကိုဆော့ဂျင်အ၀ရှူသွင်းပစ်လိုက်သည်။တပ်ထဲရှိတပ်သားအချို့တောင် ဆုန်ချီဆန်ချီလှုပ်ရှားသွားလာနေကြပြီဖြစ်သည်။နေရောင်တောက်နေပြီမို့ မိုးစင်စင်လင်းသွားပြီဆိုတာကိုဆော့ဂျင်သိသည်။

နံရံရှိတိုင်ကပ်နာရီကိုကြည့်မိတော့၈နာရီခွဲရန်သုံးမိနစ်အလို။အချိန်အတော်မသေးတော့ဘူးပဲ။

𝗗𝗜𝗦𝗧𝗔𝗡𝗖𝗘Where stories live. Discover now