𝐅𝐨𝐮𝐫

586 95 13
                                    

"ကလေးတို့အဲ့လိုမလုပ်ရဘူးလေ!!ကလေးတို့...."

ကျောင်းဆင်းချိန် ရယ်လို့မရောက်သေးခင်ဆရာလေးအပေါ့အပါးသွားကာပြန်လာခဲ့သည်။ထိုစဥ်ကျောင်းအခန်းထဲမှမြင်ကွင်းကြောင့်မျက်လုံးတွေရောမျက်စံတွေရောပါပြူးကုန်သည်။ကလေးမနှစ်ယောက်ကတစ်ယောက်ဆံပင်တစ်ယောက်ဆွဲကာရန်ဖြစ်နေကြခြင်း!!။

"ဂါအင်း ဆိုဟီးတစ်ယောက်ဆံပင်တစ်ယောက်လွှတ်လိုက်ကြစမ်း!!!"

ဆွဲလို့လည်းမရလွှဲလို့လည်းမရမို့ လည်ချောင်းကွဲထွက်မတတ်သာအော်ပစ်လိုက်သည်။မူလတန်းကလေးများကိုထိန်းကြောင်းပေးရသည်မှာအတော်မလွယ်။ကျောင်းတွင်းမူ ဆရာ/ဆရာမရယ်ဆိုလို့သူ နှင့်ဆရာမတစ်ယောက်သာရှိသည်။

ထိုသို့အော်လိုက်မှတစ်ယောက်ဆံပင်ကိုတစ်ယောက်လွှတ်လိုက်ကြသည်။ဆိုဟီးကငိုမဲ့မဲ့ဖြစ်နေပေမယ့်ဂါအင်းမူ မျက်နှာတစ်ချက်မပြတ်၊ မျက်နှာကြောခပ်တင်းတင်းနှင့်ဆိုဟီးကိုမျက်စောင်းသာလှိမ့်ထိုးနေသည်။တကယ့်အကြောတင်းလေး။

"ဒီကိုနှစ်ယောက်လုံးလာခဲ့!ဆရာ့ကိုပြော ဘာဖြစ်ကြတာလဲ"

အသံမာမာဖြင့်ခေါ်လိုက်တော့လည်း ကုပ်ကုပ်နှင့်နှစ်ယောက်လုံးအတန်းရှေ့ထွက်လာကြသည်။

"သမီးခဲတံကို အီဆိုဟီးက ယူပြီးပြန်မပေးဘူးဆရာ"

ဂါအင်း၏လေသံများမာထန်နေသည်။သူမှန်သည် ဆိုသည့်မျက်နှာထားနှင့်အံ့ကိုတင်းတင်းစေ့ထား၏။

"ဆိုဟီး ဂါအင်းပြောတာဟုတ်လား"

ဆရာလေး၏အမေးတွင် နူးညံ့မှုလည်းမရှိသလိုမာထန်နေသည့်လေသံမျိုးလည်းမဟုတ်။ဆရာဖြစ်လာသည့်ငါးနှစ်ပတ်လုံးချော့တစ်ခါခြောက်တစ်လှည့်ဖြင့်ကလေးများကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့သည်။

"ဟုတ်...အင့်..ဟုတ်ပါတယ်ဆရာ သမီးအဲ့ခဲတံလေးကို လို....အင့်...လိုချင်လို့ပါ"

ယခင်ထဲကမျက်ရည်မျာရစ်သိုင်းနေသည့်ဆိုဟီးက
ဆရာ့အမေးကြောင့်မျက်ရည်များပါ တစ်ပေါက်ပေါက်ကျလာသည်။အပြစ်လုပ်ထားသည့်
ဆိုဟီးကဆရာ့မျက်နှာအားမကြည့်ရဲ။ခေါင်းငုံကာသူ့လက်သေသေးလေးများကိုတင်းတင်းစုတ်ထားသည်။

𝗗𝗜𝗦𝗧𝗔𝗡𝗖𝗘Where stories live. Discover now