𝐓𝐞𝐧

505 60 18
                                    

"ဆရာကင်မ်! ကျွန်တော်ဒီမှာဗျ"

ကျောင်းပေါက်၀ခပ်လှမ်းလှမ်းရှိထင်းရှူးပင်အိုကြီးအောက်တွင်ခါးမှီရင်း ဆရာလေးအားဂျောင်ကုလက်လှမ်းပြလိုက်သည်။ကိုယ်နှင့်မကွာပါလာသောစက်ဘီးကလေးကိုလည်း နံဘေးတွင်ဒေါက်ထောက်ကာအရန်သင့်ထား ထားသေး၏။

"ဟင်!...ဗိုလ်မှူးဂျွန်..."

ကလေးများကိုနှုတ်ဆက်နေဟန်ရှိသောဆော့ဂျင်ကဂျောင်ကုအသံကြားသည့်အခါမှ အံ့သြရိပ်သန်းသောမျက်၀န်းများဖြင့်ကြည့်ရင်း ဂျောင်ကုဆီ​အပြေးလာသည်။

ကလေးတစ်ယောက်ပမာ ဒုန်းစိုင်းပြေးလာခြင်းကအလိုမကျမှုတွေနဲ့ရယ်ပါ။

"ဗိုလ်မှူးဂျွန်!
ဗိုလ်မှူးဂျွန်ကို ကျွန်တော်ပြောထားတယ်လေ
လာမကြိုပါနဲ့ဆို ခြေထောက်ဒဏ်ရာကပျောက်သေးတာမဟုတ်ဘူး ဘာလို့လာကြိုတာလဲ?"

ဒီဗိုလ်မှူးဟာလေ မနေ့ကကျွန်တော်အတန်တန်ပြောထားရက်နဲ့။ကျွန်တော့်စကားဆိုဗိုလ်မှူးဂျွန်တို့ဘယ်တော့မှနားမထောင်ဘူး။အမြဲတမ်းသူလုပ်ချင်တာလုပ်တယ်။

တစ်ခါတစ်လေဆို ကလေးတွေလို
"အင့်ဟယ်! ငါ့စကားကိုနားမထောင်ချင်ဦး"
ဆိုပြီးဒုတ်ကြီးကြီးနဲ့ကိုရိုက်ပစ်ချင်တယ်။

"ဆရာကင်မ်ကလည်းဗျာ....."

ကြည့်...အဲ့လိုဟာတွေကိုမကြိုက်တာ။နှုတ်ခမ်းကိုတစ်တောင်လောက်ထော်ပြီးငိုမဲ့မဲ့လုပ်ပြနေတာကဘာသဘောလဲ?။ကင်မ်ဆော့ဂျင်တို့ကသနားတတ်မှန်းသိလို့ ဒီလူဆိုးချင်တိုင်းဆိုးနေတာ။

ဆော့ဂျင် ဂျောင်ကုတစ်ကိုယ်လုံးကိုပိုက်စစ်တိုက်လိုက်ကြည့်ပြီး...

"ဗိုလ်မှူးဂျွန်နော်.... ကျွန်တော်ဗိုလ်မှူးဂျွန်ကိုပြောထားတယ်လေလာမကြိုပါနဲ့ဆို အခုရောဘယ်မလဲပတ်တီး ပတ်တီးမစီးထားပြန်ဘူးလား?"

"ကျွန်တော်စီးထားပါတယ်ဗျ ဘောင်းဘီအောက်မှာ"

ဆော့ဂျင်ရဲ့အမေးကြားမှဂျောင်ကုကသူ့ဘောင်းဘီကိုခပ်သွက်သွက်လိပ်တင်ကာ ပတ်တီးစီးထားကြောင်းပြသည်။

ဂျောင်ကုခြေသလုံးတွင်လျော့တီ့လျော့ရဲနှင့်ပြေစဖြစ်သောပတ်တီးဖြူ၌သွေးစွန်းကွက်အနည်းငယ်ပေကြံနေ၏။ထိုအရာကိုတွေ့သောဆော့ဂျင်က...

You've reached the end of published parts.

⏰ Last updated: Mar 02, 2022 ⏰

Add this story to your Library to get notified about new parts!

𝗗𝗜𝗦𝗧𝗔𝗡𝗖𝗘Where stories live. Discover now