𝐅𝐢𝐯𝐞

498 97 14
                                    

"ဟေ့ကောင်! ဒန်ဝန်း မင်းအမ ကဘာ​တဲ့လဲ?"

ရှေ့မှလက်ဖက်ရည်တစ်ခွက်အားတစ်ကျိုက်မော့ကာခြေချိတ်ထိုင်နေသောဂျောင်ကုက ဒန်၀န်းအားမေးဆတ်ပြလိုက်သည်။

"သူလည်းစိတ်၀င်စားပါတယ်တဲ့"

"စိတ်၀င်စားရုံလားပဲကွာ ချစ်ရောမချစ်ဘူးလား?ဟော့ဒီကစစ်ဗိုလ်လေးဂျွန်ဂျောင်ကုကိုချစ်ချင်လို့လဲရပါတယ်လို့ မင်းမပြောခဲ့ဘူးလား အလကား!ငဒူကောင် ငါမင်းကိုလာဘ်ထိုးထားရတဲ့ငါ့ငွေတွေတောင်
သနတယ်"

"မင်းကလည်းကွာ ငါလည်းပြောတာပဲ မမကိုကမူနေတာ"

အမှန်တော့ ဂျွန်ဂျောင်ကုတို့လာဘ်ထိုးပြီး ဒန်၀န်းအမ ကိုကြံနေခြင်းဖြစ်၏။တပူပူနှင့်
နိုန ကိုမရတော့ရင်သေပါတော့မယ်ဆိုတဲ့ဂျောင်ကုကြောင့်ဒန်၀န်းကကြားထဲကအောင်သွယ်လုပ်ပေးလိုက်ရုံပဲ။

တကယ်တမ်းဂျောင်ကုလက်ထဲကိုကိုယ့်အမတော့သိပ်မထည့်ပေးချင်...။ခြေချုပ်တဲ့ဂျောင်ကုက မိန်းကလေးတတွေကိုထည်လဲတွဲတတ်တဲ့ကောင်။ရုပ်ကလေးကလည်းချော စစ်ဗိုလ်လေးလဲဖြစ်ပြန်တော့ မိန်းကလေးတွေအကြိုက်ပေါ့ဗျာ....။

စားဖိုဆောင်ကမိန်းကလေးလှလှလေးတွေဆိုလည်းသူကြိုက်လိုက်တာပဲ။စစ်ဗိုလ်မလေး တွေဆိုလည်းသူချစ်လိုက်တာပဲ။အခုပဲကြည့်လေ ကျွန်တော့်အမကိုသူချိန်နေပြန်ပြီ။ဘယ်နေ့ဘယ်လိုနောက်တစ်ယောက်ပြောင်းကြိုက်မယ်မသိဘူး။

"ဒေါက်~ဒေါက်"

"ဘယ်သူလဲ!"

ကျစ်~စိန်ကောင်း​ကျောက်ကောင်းရောင်းနေပြီဆိုရင် အဲ့လူတွေလာပြီ။ငါ့ကိုဘာအပူတွေထပ်ပေးအုံးမယ်မသိဘူး။

"ကျွန်တော်ပါဆရာ တပ်သားချွဲဆိုဘင်းပါ တောင်ပိုင်းကခေါ်လာတဲ့လူကိုလာပို့တာပါ ဗိုလ်ချုပ်ကြီးဂန်းကဆရာ့ဆီပို့လိုက်ဆိုလို့ပါ"

"ငါ လာပြီ!"

အခုချိန်မှ လာရကောင်းလားဆိုပြီး အော်ထုတ်ပစ်ချင်ပေမယ့်ဗိုလ်ချုပ်ကြီးဂန်းဆိုတဲ့အသံကြောင့်ဂျွန်ဂျောင်ကုတို့အနည်းငယ်တွန့်သွားသည်။

𝗗𝗜𝗦𝗧𝗔𝗡𝗖𝗘Where stories live. Discover now