𝐍𝐢𝐧𝐞

383 61 23
                                    

"အားး ခြေထောက်တွေညောင်းလိုက်တာ!"

စားဖိုဆောင်သို့သွားရာလမ်းတစ်လျှောက်တွင်ဆော့ဂျင်၏ညည်းငြူသံများသာ...။အမှန်ကပျင်းလို့အပြင်ထွက်လာခြင်းဖြစ်၏။ယခုတော့တောင်ဆင်းတောင်တက်လမ်းတွေဖြစ်သည်မို့ ခြေထောက်ညောင်းတာပင်အဖတ်တင်သည်။

ဗိုလ်မှူးဂျွန်ကလည်း သူ့ကိုနေရာစုံလိုက်ပြပြီးမနက်ကတည်းကပျောက်ချက်သား​ကောင်းနေတာ။သူလျှောက်လာသည့်လမ်းတစ်လျှောက်လုံးတောင်ဗိုလ်မှူးဂျွန်၏အရိပ်အယောင်မတွေ့။တကယ်ဆိုဒီလူဟာ ညနေခင်းလေးတစ်ချက်တော့လာသင့်ပါတယ်။

ထမင်းစားချိန်လည်းနီးပြီမို့ ဆော့ဂျင်စားဖိုဆောင်ဘက်သာဦးတည်လာခဲ့သည်။အမှန်ဆို သူနေသည့်သီးသန့်ဆောင်နှင့်စားဖိုဆောင်ကအတော်လှမ်းသည်။ထွက်လက်စနှင့်မို့ထွက်လာလိုက်တာ ခြေထောက်တွေတောင်အတော်ညောင်းသည်အထိ။

"ဒီခွေးကဘာလဲ? ရုပ်ကိုအမြင်ကတ်စရာ"

လူကခြေထောက်ညောင်းပါတယ်ဆိုမှ ဘေးကခွေးက
မျက်မှောင်ကြီးကုတ်ကာမာန်ဖီနေသေးသည်။ခွေးပုံ
ကြည့်ရတာတော့ဗိုလ်မှူးတစ်ယောက်ယောက်၏အိမ်ကအင်းခွေးကြီးတစ်ကောင်ဖြစ်မည်။သံကြိုးကြီးကြီးနှင့်သေချာချည်ပြီး ထားထားတာဖြစ်၏။အရွယ်အစားကတော့ခပ်ကြီးကြီးပင်။

"အင့်ဟယ်"

မှတ်ပလား။ကင်မ်ဆော့ဂျင်ကိုများ ဘာထင်နေသလဲ။
ငါ့ကိုအဲ့လိုလာမကြည့်နဲ့ ခဲစာပဲမိမယ်။

ဆော့ဂျင်ဘေးက ခဲလုံးခပ်လတ်လတ်အရွယ်နှင့်ထိုခွေးအားပေါက်ပစ်လိုက်သည်။အမှန်တော့ထိုခွေးကိုခြောက်ချင်လို့သာပစ်ပေါက်လိုက်ခြင်းပါ။လူကိုမာန်လာဖီနေတော့ပေါက်သာပေါက်တယ် ခပ်ကြောက်ကြောက်ရယ်။

"၀ုတ်! ၀ုတ်!"

သွားပြီ!

ထင်နေသည့်အတိုင်းကင်ဆော့ဂျင်ဘ၀တော့သွားပြီ။ခွေးကသူ့ကိုခဲနှင့်ပေါက်လို့ဆော့ဂျင်ဆီတရှိန်ထိုးပြေးလာနေပြီ။ခွေးက ပြေးလာပုံမှာမာန်တဖီဖီသံကြိုးတန်းလန်းကြီးနှင့်။သူ့ကိုကြည့်နေတဲ့ပုံမှာ အခဲမကြေ။ ဝါးစားမည့်အတိုင်းပင်။ သူ့စိတ်ထင် သွားရည်တမြှားမြှားနှင့်စားမတက်၊ဝါးမတတ်ပြေးလာနေ၏။

𝗗𝗜𝗦𝗧𝗔𝗡𝗖𝗘Where stories live. Discover now