𝐓𝐡𝐫𝐞𝐞

471 102 22
                                    

ရွာလူကြီး၏အိမ်ထဲ၀င်လိုက်သည်နှင့်များစွာသောလူအများကရှုပ်ယှက်ခတ်စွာရှိနေသည်။အမယ်စုံလင်လှသောဟင်းများသည်လည်းသစ်သားစားပွဲအပုလေးများပေါ်တွင်ဖွယ်ဖွယ်ရာရာ။

"ဟော!ဆရာလေးတို့တောင်ရောက်လာပြီလား...လာလေဗျာ"

ရွာလူကြီး၏အသံကြောင့်သူ့အလုပ်နှင့်သူရှုတ်နေသောလူအများကဆရာလေးတို့အား လမ်းရှင်းပေးကြသည်။ဆရာလေးနှင့်ဆေးမှူးလေးတို့လည်းရွာလူကြီးခေါ်ရာသို့ လူအများကြားမှတိုးဝှေ့ကာသွားလိုက်၏။

"ထိုင်...ဆရာလေး ကျွန်တော်တို့ရွာမှာကဒီလိုပဲစားကြတာဗျ"

ဆရာလေးရှေ့သို့ထိုးပေးလာသည့်ရေဇလုံတစ်ခွက်။ရေဇလုံထဲသို့လက်နှစ်ကာလက်မှရေများကိုခါပြီး စားနှင့်နေပြီဖြစ်သောဆေးမှူးနမ်ဂွန်းကြောင့်
ဆရာလေးလဲရေဇလုံထဲသို့လက်လိုက်နှစ်ကာ ပီပီပြင်ပြင်စားတော့သည်။

ရှေ့မှဟင်းလျာများမှာရိုးရိုးပင်ဖြစ်သည်၊အသားသင့်ရုံနှင့်ရော၍အရောင်မနွမ်းအောင် ကြော်ထားသောအစိမ်းကြော်၊ရွှေ၀ါရောင်သန်းနေသော ကြက်ဥ​ပေါ်တွင်ကြက်သွန်မိတ်ဖြူးထားသောကြက်ဥမွှေကြော်၊
ကြက်သားကိုငရုတ်သီးအနှစ်များများနှင့်ကြော်ထားသောကြက်သားငရုတ်သီးကြော်နှင့်စိမ်းဖန်ဖန်ရေညှိဟင်းချိုတစ်ပန်းကန်၊ခရမ်းချဥ်သီးနှင့်သန်စွမ်းသော်လည်းနုနယ်သောဆလပ်ရွက်များ၊ဂင်ချီနှပ်တစ်ခွက်၊ဤမျှသာဖြစ်သည်။

"ဆရာလေးထည့်စားနော်"

ဆရာလေးဘေးမှခပ်၀၀အမျိုးသမီးကဆရာလေးပန်းကန်ထဲသို့ကြက်သားငရုတ်သီးကြော်များကိုခပ်ထည့်ပေးသည်။

"ဟုတ်ကဲ့ဗျ"

ပါးစပ်ထဲမှပလုတ်ပ​လောင်းအသံနှင့်ဆရာလေးကပြန်ဖြေသည်။

"ဆရာလေး နေပါအုံး ဒီမှာကျွန်မရဲ့ကြက်သားပေါင်းလေးဆရာလေးအတွက်....စားကြည့်ပါအုံး"

ဆရာလေးတို့၀ိုင်းသို့အပြေး၀င်လာသောဂါအင်းတို့အမေကြောင့်စားပွဲ၀ိုင်းအပုကလေးကတစ်ချက်လှုပ်ခါသွားသည်။

"ဂါအင်းတို့အမေကလည်း ဖြေးဖြေးလာမှပေါ့ဒီမှာဟင်းတွေအကုန်မှောက်ကျကုန်မှဖြင့်"

𝗗𝗜𝗦𝗧𝗔𝗡𝗖𝗘Where stories live. Discover now