𝐓𝐰𝐨

565 89 14
                                    

"ဆရာလေး!!"

လူလေးငါးယောက်၏တပြိုင်တည်းအော်သံ
ကြောင့်ဆော့ဂျင်လန့်ဖျတ်သွားသည်။ထို့နောက်ထိုအုပ်စုထဲကလူတစ်ယောက်က သူ့လက်ထဲမှအထုတ်အားလာဆွဲယူသည်။ဘယ်သူဘယ်၀ါရယ် မှန်းမသိပဲနှင့်သူ့အထုတ်အားပေးလိုက်လို့မဖြစ်၊လက်ထဲအထုတ်ကိုသာတင်းတင်းပြန်ဆွဲထားသည်။

"ဟော! ဒယ်ယောင်းရေ ဆရာလေးအထုတ်ကိုအတင်းဆွဲလို့မဖြစ်ဘူးလေ ဆရာလေးလန့်သွားပြီပေါ့ကွ"

ထိုအုပ်စုထဲမှပဲ အသက်(၅၀)ကျော်ကျော်လောက်ရှိမည့်လူကြီးတစ်ဦးကအထုတ်အတင်းလာဆွဲသောသူအားခပ်ဆူဆူနှင့်၀င်ပြောသည်။

"ဟီးဟီး တောင်းပန်ပါတယ်နော်ဆရာလေး"

ထိုအပြောကို ကြားမှအထုတ်လာဆွဲသောသူက သူ့သွားများအကုန်ပေါ်အောင်ပြုံးဖြီးရင်းတောင်းပန်ရှာသည်။ထိုလူများသည် ရွာကဖြစ်ပုံပေါ်မည်။အ၀တ်အစားများမှာ ခပ်နွမ်းနွမ်း၊မျက်နှာထက်တွင်တော့အပြုံးပန်းများလန်းဆန်းစွာဖြင့်သူ့အားဆီးကြိုကြသည်။

"ကျွန်တော်ကဘို့ဒူရွာကရွာလူကြီးပါဆရာလေး ဆရာလေးကိုကျွန်တော်တို့လာကြိုတာပါ....ဆရာလေးရာ ဆရာလေးဒီကိုလာမယ်ဆိုလို့ ကျွန်တော့်တို့ရွာကလူတွေများပျော်လိုက်ကြဆိုတာဗျာ တစ်ရွာလုံးဆူညံနေရောပဲ"

မျက်နှာ၀ိုင်း၀ိုင်း၊အသားခပ်လတ်လတ်နှင့်ဘို့ဒူရွာလေး၏ရွာလူကြီးကဆရာလေးလက်အားဆုပ်ကိုင်ကာ၀မ်းသာအားရနှင့်​စကားစသည်။ရွာလူကြီး၏ဦးခေါင်းထိပ်ဖျားပိုင်းတွင်အဖြူရောင်ဆံပင်များခပ်ရေးရေးနှင့်မျက်နှာထက်၌အရေးအကြောင်းအချို့ကိုမြင်နေရသည်။သို့ပေမယ့်ရွာလူကြီး၏အသွင်မှာသွက်လက်ဖျတ်လတ်မည့်ပုံပေါ်လွင်နေသည်။

"ဟုတ်လားဗျ ကျွန်တော်လည်းဒီရွာလေးကိုလာချင်နေတာ"

"ဟုတ်ပါ့ဆရာလေးရယ် ဒါဆိုကျွန်တော်တို့ရွာကိုသွားကြရအောင်လား ရွာကလူတွေကကျွန်တော်တို့ကိုစောင့်နေကြတာ"

"ဗျာ ထပ်သွားရအုံးမှာလား"

ဆရာလေးတစ်ချက်တွန့်သွာသည်။ငါးနာရီလောက်တောင်သူ ရထားစီးလာရသည်လေ၊ထပ်သွားရအုံးမည်တဲ့လား....။ယခုမူ သူ့ခြေထောက်များမလှမ်းချင်လောက်အောင်ထုံကျင်နေပြီဖြစ်သည်။

𝗗𝗜𝗦𝗧𝗔𝗡𝗖𝗘Wo Geschichten leben. Entdecke jetzt