1

328 27 5
                                    

[ Zawgyi ]

ယနေ့ခေတ် 2021....

ဒီနေ့ရာသီဥတုကပုံမှန်ထက်ပင်သာယာနေသည်
ပုံမှန်ဆို နေသာသည့်ရာသီဥတုကိုထယ်ယောင်းသဘောမကျပေမဲ့
ဒီနေ့တော့အတော်သဘောကျမိသည်

ဒီနေ့ကျောင်းလေ့လာခရီးနေ့ပင်
အထင်ကရ samurai တွေရဲ့အုတ်ဂူဘက်တွေလည်းရောက်မယ်လို့ဆရာကပြောသည်

" အင်း သေချာလေးလေ့လာပြီး စာတန်းပြုစုရမယ် "

ထယ်ယောင်းအတွေးများနေစဉ်
စားပွဲပေါ်တင်ထားသည်းဖုန်းလေးကလင်းခနဲ

" ဟင် "

ထယ်ယောင်းကိုယ့်မျက်စိကိုယ့်ပင်မယုံနိုင်

" Audition အောင်သွားတယ်!? "

အတန်းဖော်တစ်ယောက် audition သွားဖြေတုန်းက ဘာရယ်မဟုတ်ဝင်ဖြေခဲ့ရုံသာ
အောင်မယ်လို့လုံးမထင်ထားမိ

ထယ်ယောင်း သီချင်းတွေဆိုရတာဝါသနာပါသော်လည်း
သူ့အသံနဲ့မဖြစ်နိုင်ဘူးဟုထင်ကာလက်လျှော့ခဲ့တာကြာပြီပင်

ပျော်လွန်းလို့အတွေးတွေများနေချိန်ပင်ပါးပြင်ထက်မျက်ရည်များကအပြည့်

" အား ငိုနေလို့မဖြစ်သေးပါဘူး လေ့လာရေးခရီးအတွက်နောက်ကျတော့မယ် "

ထယ်ယောင်း မှန်တင်ခုံပေါ်က လည်ဆွဲတစ်ခုအားယူဆွဲလိုက်သည်
ဆွဲကြိုးလေးက အကြည်ရောင်ကျောက်ကလေးနှင့်လုပ်ထားတာပင်
အဘွားပေးခဲ့တာလေးပေါ့....

ကျွန်တော်အနာဂါတ်အတွက်လုပ်စရာလေးတွေရှိလာပြီအဘွားရေ
အဲ့မတိုင်ခင် စာတန်းပြုစုဖို့်ရင်ကြိုးစားလိုက်ဦးမယ်အဘွား

ပျော်ရွှင်မှုတွေနဲ့ ကျောင်းသို့ထယ်ယောင်းထွက်သွားလေသည် ။

အနာဂါတ်ဆိုတာအမြဲခန့်မှန်းသလိုမဖြစ်နိုင်တာကိုတော့ထယ်ယောင်းမေ့လျော့နေခဲ့လေသည် ။

___________.

ထယ်ယောင်း လက်ကမ်းစာစောင်မြေပုံလေးကိုင်ကာဘယ်သွားရမလဲမသိဖြစ်နေစဉ်
ထယ်ယောင်းအမြင်ကိုဖမ်းစားသွားသည်က

" Jeon Jungkook "

Jeon Jungkook....
စာထဲမှာသူ့အကြောင်းကိုအမြဲသင်ခဲ့ရဖူးသည်
တကယ်ကိုလူတော်တစ်ယောက်ပင်
တိုက်ပွဲတိုင်းဘယ်တော့မှအရှုံးမရှိဘူးသူက
တိုက်ပွဲတိုင်းနိုင်ခဲ့ပေမဲ့....
သူနဲ့အနီးကပ်ဆုံးဖြစ်တဲ့တပည့်ရဲ့သစ္စာဖောက်မှုကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးသွားခဲ့တာ

Another WorldWhere stories live. Discover now