5

124 16 15
                                    

[ Zawgyi ]

ဆူညံသံတစ်ချို့ကြောင့်ထယ်ယောင်းမျက်လုံးများအားဖွင့်လိုက်စဉ် ထယ်ယောင်းအားဝတ်ရုံတစ်ခုဖြင့်ဖုံးထားသည်ကိုသတိထားမိလိုက်သည်

ထယ်ယောင်းဝတ်ရုံအားခေါင်းပေါ်ရုံသာဖယ်လိုက်ကာ

" ကျွန်တော်တို့ရောက်တော့မှာလား ယွန်းဂီရှီး "

ထယ်ယောင်းသတိထားမိလိုက်သည်မှာ ဈေးထဲရောက်နေခြင်းပင်

မြင်းအားရွေ့ရုံသာသွားနေသည်မလို့ ပတ်ဝန်းကျင်အား သေချာပင်ပြတ်သားစွာမြင်နေရသည်

ဒီနေရာကအတော်ပင်လူစည်သာယာလှသည်
ခေတ်သစ်ဆိုးလ်မြို့ထက်အများကြီးလှသည်

အဆောက်အဦးတွေကလည်း အလွန်ဆုံး 3ထပ်မြင့်လောက်သာ
ရိုးရာအဆောက်အဦးများဖြစ်ပြီးကြည့်ရလှပေသည် ။
နေရာတိုင်းလည်း သစ်ပင်စိမ်းများရှိပြီး ဟိုးအဝေးကိုမျှော်ကြည့်ပါက အုံ့ဆိုင်းနေတဲ့ တောင်တန်းတွေ တောရပ်တွေနှင့် အတော်ပင်အေးချမ်းလှသည် ။

ကလေးတစ်ယောက်လို ခေါင်းအားဘယ်ညာလှည့်ကာ လိုက်ကြည့်နေသော ထယ်ယောင်းအားကြည့်ရင်း ယွန်းဂီအတော်ပင်သဘောကျမိသည် ။

နေရောင်ကြောင့်ကောင်လေးနိုးမည်စိုး၍ အုပ်ထားသော သူ့ဝတ်ရုံအားအနောက်သို့ပြန်ပို့လိုက်ကာ

" ရောက်ပြီ ထယ်ယောင်း "

အုတ်တံတိုင်းအမြင့်ဖြင့်ကာထားသော ခြံဝန်းကြီးကထယ်ယောင်းရှေ့တွင်နေရာယူထားလေသည်
အတွင်းကိုရောက်ဖို့တော့အတော်ပင် သွားရဦးမည်ထင်

နာရီဝက်ခန့်မြင်းဖြင့်သွားပြီးသော် စံအိမ်ကြီးအပြင် ခပ်လှမ်းလှမ်းတွင်အိမ်အများအပြားပင်ရှိလှသည်

ခြံထဲပင်ရပ်ကွက်တည်ထားလေသလား

စံအိမ်ရှေ့တွင်အဖြူရောင်ဝတ်စုံနှင့်သူတစ်ယောက် ထယ်ယောင်းတို့အားကြည့်နေလေသည် ။

ထယ်ယောင်းတို့အားစောင့်နေဟန်ပင်

ထယ်ယောင်းအားမြင်းပေါ်မှချီ၍ချပေးကာ

" ထယ်ယောင်း ဟိုဆော့နဲ့ဆက်လိုက်သွားလိုက်တော့နော်
ကိုယ်က အလုပ်ရှိသေးလို့ "

Another WorldWhere stories live. Discover now