[ Zawgyi ]
ခုနှစ်ရက်
ထယ်ယောင်းဒီကိုရောက်တာဒီနေ့နဲ့ဆိုခုနှစ်ရက်မြောက်ပင်
ဒါပေမဲ့ပထမဆုံးနှစ်ရက်ကလိုဂျောင်ဂုတို့နှင့်သေချာပင်မတွေ့ဖြစ် ။
ထမင်းစားချိန်တိုင်းလည်းခြောက်ယောက်စုံတာမျိုးကရှားလာသည် ။
အလုပ်တွေများနေကြသည်ထင်ပါရဲ့
________________________________.* ဒေါက် *
* ဒေါက် ဒေါက် *
ပြတင်းပေါက်တံခါးမှဆက်တိုက်ထွက်လာသောအသံကြောင့်အိပ်ယာထဲလှဲနေရာကမှထထိုင်လျက်သား ။
အိပ်မပျော်သောကြောင့်တစ်ခန်းလုံးအမှောင်ချထားသည်မလို့ ပြတင်းပေါက်ကအသံကထယ်ယောင်းအားမျက်လုံးများပိုကျယ်စေတော့သည်
အချိန်အားဖြင့် 12 နာရီပင်ရှိတော့မည်ပေ
ဒီအချိန်ကြီးကို သရဲ..သရဲများလား?!!ကြောက်စိတ်ကြောင့်ချွေးများပင်ပြန်လာကာ အသက်ရှူသံပင်မထွက်ရဲ
" ထယ်....ထယ်အိပ်နေပြီလား "
" ဂျီမင်း...? "
ဂျီမင်းရဲ့အသံကြောင့်ထယ်ယောင်းပြတင်းပေါက်ကိုပြေးဖွင့်လိုက်တော့ လရောင်ကအခန်းထဲသို့စီးဆင်းလာသည်
အမြင့်ကိုခိုတက်ကာလရောင်အောက်မှာရပ်နေတဲ့ဂျီမင်းမျက်လုံးတွေကထယ်ယောင်းအားတောင်စဉ်ရေမရဖြစ်နေသောအကြည့်ဖြင့်ကြည့်နေလေသည်" ဟင်..ထယ် အဆင်ပြေရဲ့လား ဘာဖြစ်တာလဲ "
ပုံမှန်ထပ်မြန်နေတဲ့စကားပြောသံကစိုးရိမ်နေဟန် ။
ထယ်ယောင်းပါးပြင်တစ်ဖက်အားလက်ဖြင့်အုပ်မိုးကာမေးနေသည်မှာ ဂျီမင်းလုပ်နေကျပုံစံပင် ။
ထယ်ယောင်းပါးပြင်ပေါ်ကဂျီမင်းလက်ကိုပြန်လည်ဆုပ်ကိုင်လာသောကြောင့်ဂျီမင်းပင်အံ့သြသွားရတော့သည် ။
ထယ်ယောင်းပင်ကိုယ့်ကိုယ်သတိမထားမိလိုက်ပေ ။
" သရဲ..သရဲမှတ်လို့ "
"အာ....ကိုယ်ကြောင့်လန့်သွားတာလား
ကိုယ်ကထယ်နဲ့စကားလည်းသေချာမပြောဖြစ် ၊ သေချာမတွေ့ရတာလည်းကြာပြီမလို့ ဘာမှမတွေးမိလိုက်ဘဲအလုပ်တွေပြီးပြီးချင်းပဲထယ့်ဆီလာခဲ့တာ "
YOU ARE READING
Another World
FanfictionWhen 19 years old boy suddenly reached the another world of 1582. BTS x Tae Published Date - 29.9.2021 End Date -