6

116 14 17
                                    

[ Zawgyi ]

ထယ်ယောင်း ဟိုပတ်ဒီပတ်လျှောက်သွားရင်း တစ်နာရီလောက်အကြာ၌ မက်မွန်ပင်ကြီးဆီသို့သွားရန်ဆုံးဖြတ်လိုက်တော့သည်

ဟိုမေးဒီမေးနှင့်ခြံဝန်းထဲလမ်းအတော်လျှောက်ပြီးတဲ့အခါမှာတော့ ထယ်ယောင်းမျက်စိရှေ့တင်
ပန်းနှရောင်အပြည့်မြင်ကွင်းအားထင်ရှားစွာမြင်လိုက်ရသည်

" လှလိုက်တာ "

ထိုအပင်များရှိသည့်ဘက်အား ထပ်မံပင်ခြံစည်းရိုးဖြင့်ကာထားလေသည်

့ထယ်ယောင်းဝင်ဖို့လုပ်တော့အစောင့်များကတားကြလေသည်

ဘယ်လိုပြောပြောမရပေ

ဂျွန်ဂျောင်ဂုပေးထားသောတံဆိပ်ပြားအားသတိရသွားသောကြောင့်
ထယ်ယောင်းတံဆိပ်ထုတ်လိုက်တော့
တားနေသောအစောင့်များက မြေပြင်ပေါ်သို့ဒူးထောက်ကာခေါင်းများငုံ့လျက်

" ကျွန်တော်တို့တောင်းပန်ပါတယ် သခင်လေး "

ထိုအစောင့်များထံမှပြိုင်တူထွက်လာသောတောင်းပန်သံပင်

ရုတ်တရက်ကြီးဖြစ်သွားသည်မလို့ဘာလုပ်ရမှန်းမသိ တံဆိပ်အားကိုင်လျက်ကြောင်စီစီကြီးရပ်နေမိသည်

လူတွေအကုန်ကဝိုင်းဒူးထောက်ထားတော့တစ်မျိုးကြီးပင်

သူပြတာစံအိမ်ထဲကသူတွေဆောင်တဲ့တံဆိပ်တစ်ခုပင်မလား?

အာ ဟုတ်သား ဂျွန်ဂျောင်ဂုပြောထားသလိုတခြားနိုင်ငံကမင်းသားလို့သိသွားတာလားမသိဘူး

" ဟို..ရပါတယ် ထကြပါ အားနာစရာကြီးဗျာ "

ထယ်ယောင်းပြောမှ

" ဟုတ် တောင်းပန်ပါတယ် သခင်လေး "

သခင်လေးဆိုသောအခေါ်အဝေါ်မှာထယ်ယောင်းအတွက်တစ်မျိုးကြီးပင်
တစ်ခါမှလည်းအခေါမခံဖူးပါ

" ထယ်ယောင်းလို့ပဲခေါ်ပါ ဟီး "

ထယ်ယောင်းကအားနာသလိုပြုံးပြသော်လည်း
ထိုသူများမှာပိုပင်ထိတ်လန့်သလိုဖြစ်ကုန်ကြသည်

ထိုအစောင့်များအတွေးတွင်တော့ ငါတို့ကိုနောက်ဆုံးအနေနှင့်ကောင်းကောင်းဆက်ဆံနေတာများလားဟူသောအတွေးကြီးစိုးမိုးလျက်

Another WorldWhere stories live. Discover now