2

164 23 4
                                    

[ Zawgyi / Unicode in below ]

ထယ်ယောင်းမျက်လုံးများကိုဖွင့်မရသေးသော်လည်း
အုတ်ဂူနားမှာမဟုတ်တော့မှန်းခံစားမိနေသည်
မိုးသံအစား တစ်ခုခုလောင်ကျွမ်းနေသံသာ
ပတ်ဝန်းကျင်ကလည်းအတော်ပင်ပူလှသည်

ထယ်ယောင်း အားစိုက်ကာမျက်လုံးကိုဖွင့်ကြည့်လိုက်တော့

မီးလောင်နေသည့် အဆောက်အဦးတစ်ခုထဲထယ်ယောင်းရောက်နေလေသည် ။

" ငါဘယ်ရောက်နေတာလဲ "

ထယ်ယောင်း ထွက်ပေါက်ကိုရှာနေစဉ်ပင် လူတစ်ယောက်ကျောပေးကလှဲနေသည်ကိုမြင်လိုက်လေသည်

ဒီလောက်မီးတွေလောင်နေတာကိုဒီလူမနိုးသေးတာလား?
သေများနေတာလား?!!

ထယ်ယောင်းထိုလူဆီအားသွားနေစဉ်ပင်
ထိုလူနားအား ဓားရှည်တစ်လက်ကိုင်ထားသောသူတစ်ယောက် အကွယ်ကနေပေါ်လာလေသည်

Samurai တွေဝတ်တဲ့အဝတ်အစားနှင့်ပင်

ထိုလူအားစိတ်ထဲမသင်္ကာပေ
သို့သော် ထယ်ယောင်းလည်းမသွားရဲပေ
သူကဓားကြီးနဲ့မလား
အိပ်နေတဲ့သူကိုရန်ပြုရင်ရော?

" ဟေ့လူ!! အိပ်နေတဲ့လူကြီးရေ!! ဟေ့လူ မီးလောင်နေတယ်ထတော့!! "

ထယ်ယောင်း ခပ်လှမ်းလှမ်းကနေလှမ်းအော်နှိုးနေမိသည်

ဓားကိုင်ထားတဲ့လူနှင့်လည်းပြိုင်မချနိုင်
ဒါပေမဲ့....
လူတစ်ယောက်သေမှာကိုတော့ဒီအတိုင်းကြည့်မနေနိုင်ပါ

ထယ်ယောင်းအသံကြောင့် ဓားကိုင်ထားတဲ့သူက ထယ်ယောင်းအားစိုက်ကြည့်နေလေသည်
ထို့နောက် အိပ်နေတဲ့သူဆီနားပိုကပ်သွားလေသည်
အိပ်နေတဲ့သူမနိုးခင် အဲ့လူကလုပ်စရာရှိတာလုပ်ပြီးထယ်ယောင်းဆီလာမည်ထင်

ထယ်ယောင်း ထိုသူ့ဆီနားပြေးသွားရင်

" ဟေ့လူ!! ထပါဆို ဘယ်နှစ်ဘဝကမအိပ်ထားလို့အခုမှစုအိပ်နေတာလဲ ဟေ့လူ!! "

ထယ်ယောင်းအသံများဝင်သည်ထိအော်ရင်းပြေးသွားတော့
ထိုလူလှုပ်လာလေသည်

ထိုလူလှုပ်လာသည်ကိုမြင်သည်နှင့် ဓားကိုင်ထားသောသူမှာအလျင်အမြန်ထွက်သွားလေသည်

Another WorldWhere stories live. Discover now