3

136 23 12
                                    

[ Zawgyi / Unicode in below ]

" Jungkook ဒီမှာရှိနေတာပဲ
ဒဏ်ရာရသွားသေးလား "

" မရပါဘူး ဒီကောင်လေးကျေးဇူးကြောင့်လေ Hoseok hyung "

Hoseok hyung ဆိုသောသူဆီက လက်ခံသည်အနေဖြင့်ခေါင်းညိတ်ပြလေသည်

ထို့နောက်
ထယ်ယောင်းနောက်ကျောဘက်မှ ချိုသာသလိုရှိသော်လည်းမာကြောသည့်အသံတစ်သံအားကြားလိုက်ရသည်

" သြော် ဒါဆိုမင်းက Jungkook ကိုကယ်ခဲ့တာပေါ့ ဟုတ်လား "

ထယ်ယောင်းနောက်ကျောနွေးကနဲပင်

ဘာလို့မှန်းမသိ
နောက်ကျောမှ အသံပိုင်ရှင်အားလန့်နေမိသည်

" အင်းဟုတ်တယ် ဂျီမင်း
ဘယ်လိုလဲ ရည်မှန်းထားတာတွေမဖြစ်တော့ "

ထယ်ယောင်းအား ဟိုဆော့ဆိုသောသူကသူ့ဘက်ဆွဲလိုက်ကာ
အတော်ပင်မာကြောနေသည့် အသံဖြင့်ဆိုလေသည် ။

ဒီလူ
ဒီလူက ဂျီမင်းဆို Park Jimin?
Jeon Jungkook အားသစ္စာဖောက်ပြီး ဓားနဲ့ထိုးခဲ့သည့်အပြင် စံအိမ်ကိုမီးပါရှို့ခဲ့သူပင်

အနာဂါတ်ကသမိုင်းကအမှန်ဆိုရင်ပေါ့

" အိုဟိုး သက်သေလည်းမရှိ တစ်ဖက်သက်ကြီးပါလား Hoseok hyung ရယ်
ကျွန်တော်ကဘာကိုရည်မှန်းရမှာ "

" မင်းပဲသိမှာပေါ့ Park Jimin "

Hoseok hyung ဆိုသူက ဓားအားထုတ်ကာ
ဂျီမင်းလည်ပင်းအားတေ့ထားလေသည်

" Hyung မလုပ်ပါဘူး "

" မင်း!! တောက်!
ထယ်ယောင်းရှီး လုပ်ကြံသူကိုမြင်လိုက်တယ်မလား
သူလား "

ထယ်ယောင်းအားကြည့်ကာ ဟိုဆော့ကဆိုလေသည် ။

ကျွန်တော်ဘယ်လိုဖြေရမည်နည်း ။

မီးထဲမှာတွေ့ခဲ့သူက မျက်နှာကိုပါဝါအနက်နှင့်စည်းထားသည်လေ
ကိုယ်လုံးကိုယ်ပေါက်ကလည်း Park Jimin မဟုတ်ပေ

သို့သော်
သမိုင်းအရဆိုရင် Park Jimin ပင် ။

ဒါပေမဲ့လည်း မီးထဲမှာတွေ့ခဲ့သူမှာ သူလုံးဝမဖြစ်နိုင်ပေ
သမိုင်းကမှားနေရင်ရော?
ဒါမှမဟုတ် အခုကသမိုင်းမတူတဲ့တခြားကမ္ဘာဆိုရင်ရော?

Another WorldWhere stories live. Discover now