Lost Again💔 ep8

1.1K 58 6
                                    


သိပ်လှတဲ့မနက်ခင်းလေး...
ကြည်နူးမှုအပြည့်နဲ့နိုးထလာရတဲ့မနက်ခင်း...
ချစ်သူအသစ်စက်စက်လေးရဲ့ ရင်ခွင်ထဲကနေနိုးထရတဲ့ မနက်ခင်းလေး...
အိပ်မောကျနေတဲ့ မျက်နှာချောချောကို ငေးကြည့်ရတာ သိပ်လှတဲ့ကဗျာ...

မျက်လုံးမှိတ်ထားတာတောင် အချော
မပျက်တဲ့ ဒီလူသားဟာ အတောင်ပံမပါတဲ့ နတ်သားလေး

အမြဲငေးကြည့်ခဲ့ရတဲ့မျက်နှာချောချောဟာ အခုတော့ကိုယ့်အပိုင်တဲ့
win metawin တို့ဘလောက်ကံကောင်းလိုက်သလဲ...

ညတုန်းကbrightကိုယ်တိုင်ဆေးလိမ်းပတ်တီးစည်းပေးထားတဲ့ လက်လေးနဲ့ သွေးကြောသေးသေးလေးတွေ ထင်းနေတဲ့ ပါး​ပြင်ကိုထိကြည့်မိတော့ နူးညံ့လိုက်တာ ဒါလဲငါ့အပိုင်...

မျက်ခုံးတန်းတန်းလေးဟာလဲငါ့အပိုင်
ကော့ညွှန်နေတဲ့မျက်တောင်ရှည်တွေ
မျက်ခွံလေးတွေ အဲ့မျက်ခွံအောက်က သိပ်လှတဲ့မျက်လုံးလေးတွေဟာလဲ
ငါ့အပိုင်

ဒီနှာတံစင်းစင်းလေး နောက်ဆုံး သိပ်မြတ်နိုးရတဲ့ ဒီနှုတ်ခမ်းလေး
အဲ့နှုတ်ခမ်းလေးရဲ့ ပိုင်ရှင်ဟာငါ....

မျက်နှာချောချောကအစိတ်အပိုင်းတခုချင်းစီကို လက်သွယ်သွယ်လေးတွေနဲ့
တို့ထိပီး ဒါတွေဟာ win metawin ရဲ့အပိုင်တွေလို့ တံဆိပ်ကပ်နေမိတယ်

Bright - ထိရင်လဲသေချာထိလေ

Win - ဟင်

နှုတ်ခမ်းနားလေးကို လက်မလေးနဲ့ ထိကပ်ထားတုန်းမှာ မှိတ်ထားတဲ့မျက်လုံးတွေပွင့်လာပီး ရင်းနှီးတဲ့အသံလေးထွက်လာတာကြောင့် မျက်လုံးဝိုင်းလေးနဲ့မော့ကြည့်မိတယ်

Win - နိုးနေတာလား

Bright - မျက်နှာပေါ် ပုရွက်စိတ်တက်တယ်ထင်နေတာ ဘယ်ဟုတ်မလဲ ကောင်လေးတယောက်က ခိုးကိုင်နေတာကို

Win - မကိုင်ရဘူးလားပြော

Bright - ကိုင်လို့တော့ရတယ် ဒါမဲ့ မထိတထိတော့မရဘူး ဒီလိုကိုင်ရတယ်

ပါးပြင်ပေါ်ကို လက်သွယ်သွယ်တစုံတင်လာပီး မျက်ခုံးနှစ်ဖက်ကို လက်မနဲ့ပွတ်တိုက်သွားရင်းက နှာတံတလျှောက်စင်းသွားခဲ့တယ်...
နူးညံ့တဲ့အထိအတွေ့ကြောင့် မျက်လုံးများပင်မှိတ်လိုက်မိရာမှ နှာတံအဆုံးခဏရပ်တန့်သွားလို့ဖွင့်ကြည့်မိတော့
သူ့ကိုပြုံးပီးကြည့်နေတဲ့မျက်နှာချောချော...
ချက်ချင်းပင် ခုနရပ်တန့်လိုက်တဲ့လက်သွယ်သွယ်ဟာ နှုတ်ခမ်းဖူးဖူးလေးကိုလာထိကပ်လာတယ်

Lost Again💔(complete)Hikayelerin yaşadığı yer. Şimdi keşfedin