Lost Again💔 ep60

1.2K 54 6
                                    

Bright - ဒီအတောအတွင်းစောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် အန်ကယ်နဲ့ အန်တီ

နှစ်ရက်ပြည့်သည့်နောက်နေ့တွင် win ရဲ့ကျန်းမာရေးအတွက်ရော မားရဲ့ပြန်လာပါတော့ဆိုသည့်ဖုန်းအဝင်call များကြောင့်ပါ အိမ်လေးကိုနှုတ်ဆက်ရတော့သည်။
သေချာခါးညွှတ်ခေါင်းငုံ့ကာနှုတ်ဆက်တော့ လူကြီးနှစ်ယောက်လုံးကပြုံးလျက်ခေါင်းညိမ့်ပြသည်

" နောက်ကြုံရင်ဝင်လည်ကွာ တကူးတကလာလည်လဲစိတ်မဆိုးဘူး လာသာလာခဲ့"

Bright - ဟုတ်ကဲ့ ကျွန်တော်လာခဲ့ပါ့မယ်

" သံယောဇဥ်ကရှိနေမှ ပြန်သွားတော့ အန်တီစိတ်တောင်မကောင်းဘူး"

" မင်းကလဲကွာ ဒီမှာပဲတသက်လုံးနေလို့ဘယ်ဖစ်မလဲ သူ့အလုပ်က ကမ္ဘာပတ်နေရတဲ့အလုပ်ကို"

" သိပါတယ်ရှင် စိတ်မကောင်းလို့ပြောပြတာပါ"

Bright - ကျွန်တော်လဲ ဒီနေရာလေးကိုသံယောဇဥ်ရှိပါတယ် ပင်ပန်းခဲ့ရတဲ့အချိန်မှာ ဒီနေရာလေးကအနည်းအများနွေးထွေးမှုပေးခဲ့တယ်

ခြံလေးကို ဝေ့ကြည့်ရင်းပြောတော့ ဘေးတွင်ရပ်နေသောကြွေရုပ်လေးက
ပုခုံးတဖက်ကိုဆုပ်ကိုင်အားပေးသည်။

" ကဲ နောက်ကျနေအုံးမယ် သွားကျတော့ လမ်းခရီးမှာဂရုစိုက်ကြအုံးကွာ "

Bright - ဟုတ်ကဲ့

Win - ဒီရက်တွေအတွက်ကျေးဇူးတင်ပါတယ်ဗျ

Mike - နောက်လဲလာလည်မယ်နော်

Fong - ကောင်းကောင်းနေခဲ့ပါဗျ

၄ယောက်လုံးနှုတ်ဆက်ခဲ့ကြပီးနောက် အသီးသီးကားပေါ်နေရာယူခဲ့ကြသည်။
တရွေ့ရွေ့မောင်းနှင်သွားသောကားလေးနှင့်အတူ ကျန်ခဲ့သောမြင်ကွင်းများကို စိတ်မကောင်းစွာငေးကြည့်မိသည်။

သူဒီကိုစရောက်လာခဲ့တုန်းက
စိတ်အ​​ခြေအနေနဲ့ ယခုသူ့ပုံစံသည်ကွာခြားနေခဲ့ပေမဲ့ တဂယ်တမ်းဒီနေရာလေးကိုထားခဲ့ရမယ်ဆိုတော့လဲ စိတ်ထဲတော့ဝမ်းနည်းမိသား

Win - မင်းအားတဲ့အချိန်တွေကြရင်ပြန်လာကြတာပေါ့

Bright - အင်း.....ကျေးဇူးတင်ပါတယ် ကိုယ့်ဆီလိုက်လာခဲ့ပေးလို့

Lost Again💔(complete)Where stories live. Discover now