Lost Again💔 ep24

736 37 4
                                    

lost again ep24

နွေမိုးဆောင်း ၃ရာသီပြောင်းလဲသွားပီးတဲ့နောက် ၁နှစ်ဆိုတဲ့အချိန်ကိုရောက်ရှိလာခဲ့ပီ

တီ....တီ...တီ...

အိပ်ယာဘေးက စားပွဲပေါ်က နှိုးစက်
မြည့်သံကြောင့် နှိုးထလာတဲ့ကြွေရုပ်လေး

ထထိုင်ကာ လက်နှစ်ဖက်ကိုဆန့်တန်းပီး အကြောဖြေပီးမှ နှိုးစက်ကိုလှမ်းပိတ်လိုက်သည်

စားပွဲပေါ်မှာတော့ ဘွဲဝတ်စုံဝတ်ထားတဲ့စုံတွဲဓာတ်ပုံလေးတစ်ပုံ ထပ်တိုးလာခဲ့သည်....
သူတို့တောင် ကျောင်းပီးခဲ့တာ တစ်နှစ်ကျော်သွားခဲ့ပီ

အိပ်ယာမှထကာ မျက်နှာသစ်သွားတိုက်လိုက်ပီး ဒီနေ့ရဲ့တနေ့တာကိုစတင်တော့မည်....

ကျောင်းပီးသွားချိန်မှာသူဟာ အလုပ်ရယ် မယ်မယ်ရရ မလုပ်ခဲ့ပေမဲ့ ကိုယ်ပိုင်design ဆွဲပီး ကိုယ်တိုင်ချုပ်တဲ့အခန်းတခန်းတော့ အိမ်မှာထပ်တိုးလားခဲ့တယ်
ထိုအခန်းလေးထဲကထွက်လာတဲ့ ပုံစံမျိုးစုံနဲ့အဝတ်အစားတွေရဲ့ပိုင်ရှင်ကတော့ တစ်ယောက်ထဲသာ....

Ring.....Ring...Ring

ရေချိုးခန်းက ထွက်လာချိန် စားပွဲပေါ်မြည်နေတဲ့ဖုန်းကြောင့် အမြန်ပြေးသွားကာ

Win - hello

Bright - နိုးပီလား

Win - အင်း အခုပဲ မျက်နှာသစ်ပီးတာ မင်းရော အခုအပြင်မှာလား

Bright - အင်း ခဏနေ fan meeting ရှိတယ် အဲ့တာသွားနေတာ

Win - ပင်ပန်းနေပီလား

Bright - ပင်ပန်းပေမဲ့ ပျော်ပါတယ်ကွာ မင်းပါလိုက်လာရင်ပိုကောင်းမှာ

Win - နောက်တခါတူတူသွားကြတာပေါ့

Bright - အင်းပါ ဒါဆို ကိုယ်ဖုန်းချတော့မယ်နော် မနက်စာလဲသေချာစားအုံး

Win - အင်းပါ မင်းလဲကျန်းမာရေးဂရုစိုက်အုံး

Bright - အင်း ဒါပဲနော် ချစ်တယ်

Win - အင်းပါ

Bright - ပြန်ပြောအုံးလေ

Win -အင်း...ငါလဲချစ်တယ်

အဲ့တော့မှ ကျသွားတဲ့ဖုန်းလေးကိုကြည့်ပီး ကြွေရုပ်လေးပြုံးလိုက်မိသည်

Lost Again💔(complete)Where stories live. Discover now