Lost Again 💔 ep30

771 36 10
                                    

ဇာတ်လမ်းတပုဒ်မှာ ဇာတ်ညွှန်းဆရာ ရေးထားတဲ့ plot တွေအတိုင်း မင်းသားမင်းသမီးတွေကသရုပ်ဆောင်ရတယ်
တခါတလေ ဒီဇာတ်ကွက်ကြီးကို သဘောမကျရင်တောင် ပြောင်းလဲပစ်လို့မရတဲ့ plot တွေရှိတယ်
ဇာတ်အိမ်တခုဟာ ကိုယ်မကြိုက်ဘူးဆိုတိုင်း လွယ်လွယ်နဲ့ ချိန်းပစ်လို့ရတာမှမဟုတ်တာ
တချက်လေးလွဲသွားတာနဲ့ ဇာတ်သိမ်းတွေပါ ရှုပ်ထွေးကုန်မှာ
အားလုံးက သူ့အကြောင်းနဲ့သူ
အကုန်အဆက်စပ်တွေရှိတယ် ။
ဒါက လက်တွေ့မဟုတ်တဲ့ ရုပ်ရှင်တွေကိုရည်ရွယ်တာ ။

ဒါဆို လက်တွေ့ကရော...?
လက်တွေ့ဘဝက ပိုရှုပ်ထွေး ပိုခက်ခဲတယ်
တချို့အရာတွေက ဖစ်ပါစေဆိုတဲ့ ရည်ရွယ်ချက်ထားပီး မလုပ်ဆောင်ခဲ့ပေမဲ့ ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာက ကျီစားသန်လာတဲ့အခါ နာကျင်ခြင်းတွေကို အစပြုသွားတတ်တယ်။
............။...............

Grace - အခုလို ခေါ်လာပေးလို့ ကျေးဇူးပဲနော် p'bright ၊ မဟုတ်ရင် grace ဘလိုပြန်ရမလဲတောင်သိမှာမဟုတ်ဘူး

Bright - ရပါတယ် လမ်းကြုံနေတာပဲ

ရှုတင်အပီး grace ရဲ့ မန်နေဂျာက လူမှုရေးကိစ္စတခုကြောင့် အရေးတကြီးအပြင်သွားရတာမို့ grace မှာ ပြန်ဖို့အခက်အခဲဖစ်နေခဲ့တာ

တက်သစ်စမင်းသမီးလေးလဲဖစ်သလို အသက်လေးကလဲ ငယ်ငယ်လေးမို့ တွေ့ရာ taxi နဲ့လဲ မန်နေဂျာဖစ်သူကစိတ်မချ
ဒါကြောင့်ပဲ bright ဆီအကူညီတောင်းလာတော့ သူလဲ လက်ခံပီး ကားပေါ်တင်လာခဲ့ခြင်းသာ။

Grace - p'bright ဗိုက်ဆာနေပီလား တခုခုဝင်စားရအောင်လေ

Bright - နေပါစေ မစားတော့ပါဘူး

သူပြောတော့ ဘေးက ကလေးမက မျက်နှာသိပ်မကောင်း
ရှုတင်စတာလဲ 3လလောက်ကြာခဲ့ပီမို့ အရင်ကထက်တော့ သူတို့ရင်းနှီးနေပီလို့ပြောလို့ရသည်

ကလေးမလေးက သွက်သွက်လက်လက်နဲ့အသက်လေးကလဲငယ်တော့ ကလေးစိတ်ကလဲမကုန်သေး
ပီးတော့ စကားလဲအရမ်းများသည်
ဘေးကနေ တတွတ်တွတ်ကို ပြောနိုင်သည်

မျက်နှာလဲချိုသည်
အလကားနေ ကိုယ့်ကိုရီပြနေတာပဲ
အရင်တွဲသရုပ်ဆောင်ဖူးတဲ့ မင်းသမီးတွေလိုမဟုတ်ပဲ သူ့ကိုကလေးတွေအနားကပ်သလိုကို ကပ်တာ
သူတွေ့ဖူးတဲ့ မိန်းကလေးတချို့နဲ့မတူတာက ဟန်ဆောင်တာမျိုး မာယာပိုတာမျိုးမရှိ
ချစ်ဖို့ကောင်းတယ်လို့ စိတ်ထဲခံစားမိနေတာ ။

Lost Again💔(complete)Where stories live. Discover now