" ဒီနေ့ဘလိုနေလဲ နေရတာအဆင်ပြေရဲ့လား "
Win - ဟုတ် ပြေပါတယ်
" အင်း ခွဲစိတ်ထားတဲ့နေရာကတော့ နာနေအုံးမှာပဲ ဒါမဲ့မင်းကပြန်သက်သာတာမြန်တယ်ပြောရမယ် သတိမေ့နေတုန်းကတော့ ဆေးကိုခန္ဓာကိုယ်ကကောင်းကောင်းလက်မခံပဲ အခုမှတုံပြန်နေပုံရတယ် "
doctor သည် သူ့ရဲ့မျက်မှန်လေးအား
ပင့်တင်ကာ ရယ်မောလျက်ပြောနေသည်မို့ win လဲပြုံးမိပါသည်။" ခြေထောက်ကတော့ ၁လလောက်စည်းထားရအုံးမှာ လက်ကိုတော့
လေ့ကျင့်ခန်းပုံမှန်လုပ်ရင်အရင်တိုင်းပြန်ဖစ်မှာမို့ စိတ်မပူနဲ့ ၊မင်းကdesigner ဆိုတော့ မင်းရဲ့လက်တွေအရင်လိုမဖစ်
မှာကို မင်းကောင်လေးကအရမ်းစိတ်ပူနေတာ "doctor ရဲ့စကားများကိုခေါင်းငြိမ့်နားထောင်နေရင်း မင်းကောင်လေးဆိုတဲ့အသုံးအနှုန်းကြောင့် win မျက်နှာတည်သွားမိသည်။
Win - ကျွန်တော်ဆေးရုံကဘယ်နေ့ဆင်းလို့ရမလဲဗျ
" ဒီအခြေအနေအရဆိုရင်တော့ ၁ပတ်လောက်နေရင်ဆင်းလို့ရပါပီ ကျောက်ပတ်တီးကတော့ ၁လပြည့်မှာဒီမှာလာပြန်ဖြည်လို့ရတယ်လေ "
Win - ဒီထက်စောဆင်းလို့မရဘူးလားdoctor
" ဒီထက်တော့စောပီးမဆင်းစေချင်ဘူး မင်းကရိုးရိုးနေမကောင်းဖစ်ပီးဆေးရုံတက်ရတဲ့လူမှမဟုတ်တာ အသဲတခြမ်းလုံးအစားထိုးထားရတာ၊ အေး....
အဲ့လိုပြောမှသတိရတယ် မင်းကောင်လေးကတဂယ်ခေါင်းမာတဲ့ကောင် ငါကဆေးရုံဆင်းလို့မဖစ်ပါဘူးဆိုတာကို ရအောင်ထွက်ပြေးသွားတယ်
သူကြောင့်ငါမှာပြသနာတွေရှင်းလိုက်ရသေးတယ် ချုပ်ရိုးကလဲသေချာမကျက်သေးပဲနဲ့ မင်းပြောပီးဆေးရုံလာခိုင်းလိုက်ပါအုံး...."doctor သည် လိုအပ်တဲ့စမ်းသပ်မှုများကိုလုပ်ဆောင်နေရင်းမှ စကားတွေပြောနေသော်လည်း win မျက်နှာသည်တစ်စထက် တစ်စတင်းမာလာကာ
Win - နေပါစေ သူတောင်ထွက်ပြေးသေးတာပဲ ဘာလို့လိုက်ပီးစိတ်ပူနေမှာလဲ သူ့ဘာသာ ဘာဖစ်ဖစ်
" ဟမ်....အော်...အဟင်း...စိတ်မပူလဲ
ပီးတာပါပဲ "doctor က ရယ်ကျဲကျဲဖြင့်ပြောလာသော်လည်း win ကတော့မရယ်နိုင်ပါ
စိတ်ထဲတွင် သူသတိရလာထဲကပျောက်ချင်းမလှပျောက်သွားသည့် လူသားအားတွေးကာ ဒေါသတို့တရိပ်ရိပ်တက်လာမိသည်။
![](https://img.wattpad.com/cover/287212861-288-k300970.jpg)