Lost Again 💔 ep40

965 49 5
                                    

လေးလံနေသည့်စိတ်ကြောင့် အလုပ်မအားသည့်ကြားမှ Nani ထွက်လာခဲ့သည်။
p'pearl ရဲ့တားဆီးသံကိုလဲ သူနားမဝင်စိတ်က နေကြာလေးဆီသာ အမြန်သွားဖို့ပြင်နေခဲ့သည်

၈နာရီထိုးခါနီးအချိန်မို့ လမ်းမပေါ်တွင်တော့စည်ကားလျက်ပင် ။
အလွတ်ရနေသည် နေကြာလေးတို့အိမ်ရှိရာသို့ သူခပ်မြန်မြန်သာ မောင်းလာခဲ့သည် ။
ဘာမှမဖစ်ရင် ကိစ္စမရှိပေမဲ့ တခုခုသာဆိုရင် နေကြာလေးအနား သူရှိနေပေးချင်သည် ။

လမင်းကြီးသည် သူတတ်နိုင်သလောက် နေကြာလေးအပေါ် အလင်းပေးချင်
သည့်လူဖစ်သည်။

လသာနေသည့် ကောင်းကင်ကြီးအောက်တွင် သူ့ကားလေးသည်နေကြာလေးရှိရာသို့....။

ခပ်လှမ်းလှမ်းမှ မြင်နေရသည် ပုံရိပ်လေးကြောင့် Nani စူးစိုက်ကြည့်မိသည်
လူဆိုးလား လူကောင်းလာမသိ သူ့ကားအား လှမ်းတားနေသည့်ပုံ
Taxi လို့များ ထင်လို့လားမသိ။

ထိုပုံရိပ်လေး၏ ဘေးဘက်မှ
မီးအလင်းရောင်တခုမြင်လိုက်ရသည်
ထိုလူသည်လည်း မီးရောင်လာရာအား လှမ်းကြည့်နေသည်

Nani - win !!!

နီးကပ်လာသည် ပုံရိပ်ကြောင့် နေကြာလေးမှန်းသိချိန်တွင် တဖက်က မီးရောင်သည် ကားမီးမှန်းသူမြင်လိုက်ရသည်

Nani - မဖစ်ဘူး....!!!

သူဘာမှမစဥ်းစားခဲ့ ။
ဦးနှောက်ထဲတွင်ရော နှလုံးသားထဲတွင်ပါ နေကြာလေး မထိခိုက်ဖို့တခုထဲစဥ်းစားခဲ့သည်

ကျွီ...........ဒုန်းးးးးးးးးး

ဘရိတ်အုပ်သံနှင့် ကားနှစ်စီးတိုက်မိသံထွက်ပေါ်လာတော့သည်

Win - Nani....!!!

မျက်စိရှေ့မြင်လိုက်ရသော မြင်ကွင်းကြောင့် win သွေးပျက်မတတ် အော်လိုက်မိသည် ။
သူ့ရှေ့တည့်တည့်မောင်းနှင်လာသည့်ကားသည် ကြားမှ ကားတစ်စီးနှင့် တိုက်မိသွားသည် ။
ကြားမှရောက်လာသည့် ကားသည် သူခုနကtaxi ထင်ပီး လှမ်းတားသည့်ကား။
ထိုးကားသည် သိသိကြီးနဲ့ win ရှေ့
တည့်တည့်မှ ထိုးရပ်လိုက်ခြင်းဖစ်သည်
ထိုကားမောင်းသူသည် Nani ဖစ်သည်။
.................
Win - ဆရာ ကယ်ပါအုံး....ကျွန်တော်သူငယ်ချင်းကို ကယ်ပေးပါဆရာ

Lost Again💔(complete)Where stories live. Discover now